ပျူစောထီးခေါင်းဆောင် သေဆုံးပြီး ကလေး ၃ ဦး အပါအဝင် ဒေသခံ ၁၅ ဦးကို ဖမ်းဆီး

ပျူစောထီးခေါင်းဆောင် သေဆုံးပြီး ကလေး ၃ ဦး အပါအဝင် ဒေသခံ ၁၅ ဦးကို ဖမ်းဆီး

ငပုတောက ပျူစောထီး ခေါင်းဆောင် ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ကလေး ၃ ဦး အပါအဝင် ဒေသခံ ၁၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သိရသည်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း စစ်နယ်မြေအတွင်းရှိ ငါးပြေမကျေးရွာက ပျူစောထီး ခေါင်း ဆောင်တစ်ဦး ပစ်သတ်ခံရမှုနှင့် ပါတ်သက်၍ ကလေးငယ် ၃ ဦး အပါအဝင် ဒေသခံရွာသား ၁၅ ဦးကို စစ်ကောင် စီတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

အသက် ၁၂ နှစ်အရွယ် နှင့် အသက် ၅ နှစ် အရွယ် မိန်းကလေးငယ် နှစ်ဦး၊ အသက် ၄ နှစ်အရွယ် ယောကျ်ား လေးတစ်ဦးတို့ အပါအဝင် ဒေသခံ ရွာသူရွာသား ၁၅ ဦးတို့ကို ဧပြီလ ၁၉ ရက်နေ့မှ စတင်၍ ၃ ရက် အတွင်း စစ် ကောင်စီ ဖမ်းဆီးခဲ့ခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။

“တောသူ တောင်သားတွေ အဖမ်းခံရတာပါ။ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးက လက်ညှိုးထိုးတဲ့သူ မှန်သမျှကို စစ် တပ်က ဖမ်းတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

ငါးပြေမကျေးရွာက ရာအိမ်မှူး ဦးဘပုနှင့် ဆယ်အိမ်မှူး ဦးဂုတ်တိုတို့က မမှန်သတင်းပေးသဖြင့် စစ်ကောင်စီ တပ် ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ရွာသားများ ခံနေရခြင်း ဖြစ်သည်ဟု ရွာသားများက ယုံကြည်ထားသည်။

ပျူစောထီး ခေါင်ဆောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းအား ဒေသတွင်းရှိ တော်လှန်ရေး မဟာမိတ် ၄ ဖွဲ့ ပူးပေါင်း၍ ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု ပုသိမ် အနောက်ပိုင်း ကာကွယ်ရေး တပ်ဖွဲ့ Pathein Western Defe nce Force (P.W.D.F) က သတင်းထုတ်ပြန်ထားသည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်း က “အရွယ်မရောက်သေးတဲ့ ခလေးတွေကို သေနတ်နဲ့ ချိန် ဖမ်းတယ် ဆိုတာ ခလေးသူငယ် ဆိုင်ရာ အခွင့်အရေးကို စစ်ကောင်စီက ချိုးဖောက် နေတာ” ဟု ပြောသည်။

ဧပြီလ ၁၉ ရက်နေ့  ည ၉ နာရီ ဝန်းကျင်အချိန်က ဟိုင်းကြီးကျွန်း စစ်နယ်မြေအတွင်းရှိ အသက် ၃၉ နှစ် အရွယ်ရှိ ငါးပြေမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းအား အမည်မသိလူ ၄ ဦးက အိမ်ပေါ်တက်၍ ပစ်ခတ်ခဲ့ခြင်း ဖြစ် သည်။

ပစ်ခတ်မှု ဖြစ်ပွားဖြစ်နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ငပုတောမြို့နယ် နှင့် ပုသိမ်မြို့နယ်ထဲက တော တောင်များအတွင်း ဧပြီလ ၂၂ ရက်နေ့အထိ PDF အဖွဲ့များကို စစ်ကြောင်းထိုး ရှာဖွေနေဆဲ ဖြစ်သည်ဟု ဒေသ ခံများ၏ ပြောပြချက်အရ သိရသည်။

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...