ချင်းပြည်နယ်ရှိ H1N1 ကြောင့် ကုသမှုခံယူသူများ ဆေးရုံမှဆင်း

ချင်းပြည်နယ်ရှိ H1N1 ကြောင့် ကုသမှုခံယူသူများ ဆေးရုံမှဆင်း
by -
ဇေယျာမော်
ချင်းပြည်နယ် မတူပီဆေးရုံ၌ ရာသီတုပ်ကွေးရောဂါ H1N1 ဖြင့် တက်ရောက်ကုသနေသူများ အားလုံးရောဂါပျောက်ကင်းပြီ ဖြစ်သောကြောင့် ဆေးရုံမှဆင်းသွားပြီ ဖြစ်သည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က သူ့၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။ "ဆေးရုံတင်သည့်လူနာများ၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာကြပြီး နောက် ဆုံးသတင်း အရ ၂၄.၇.၂၀၁၇ ရက်နေ့ ညနေပိုင်းတွင် တစ်ဦးမကျန်အကုန် ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း သိရှိရသည်" ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က ရေးသားထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီးချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ချင်းပြည်နယ်စည်ပင်သာယာရေး ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပြန်လည်ဖြေဆိုခဲ့ခြင်း မရှိပေ။ ကျန်းမာရေးဦးစီးဌာနမှ ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ လူနာ ၁၀ ဦးရှိပြီး သေဆုံးသူ ၁ ဦး ရှိကြောင်း ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။ ပြည်သူများအကြားစိုးရိမ်ပူပန်မှုများ ရှိနေသည့် တုပ်ကွေးရောဂါသည် စိုးရိမ်စရာမရှိဘဲ ရာသီတုပ်ကွေးရောဂါမျှသာ ဖြစ်ပြီး စနစ်တကျ ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  တိုက်တွန်းထားသည်။
May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...