CJDC ကိုယ်စားလှယ်အား အကြောင်းမဲ့တာဝန်မှရပ်စဲခြင်းကြောင့် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးထိခိုက်လာမည်ကိုစိုးရိမ်ကြောင်း သတင်းထုတ်ပြန်

CJDC ကိုယ်စားလှယ်အား အကြောင်းမဲ့တာဝန်မှရပ်စဲခြင်းကြောင့် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးထိခိုက်လာမည်ကိုစိုးရိမ်ကြောင်း သတင်းထုတ်ပြန်

ချင်းလက်နက်ကိုင်အဖွဲ့များပူးပေါင်းကော်မတီဖြစ်သည့် CJDC တွင် ပါဝင်သည့် မိမိတို့ကိုယ်စားလှယ်အား အကြောင်းမဲ့တာဝန်မှရပ်စဲခြင်း၊အစည်းအဝေးတက်ရောက်ခွင့်ပိတ်ပင်ခြင်းတို့ကြောင့် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးကိုထိခိုက်လာမည်ကိုစိုးရိမ်ကြောင်း  မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၏ ဧပြီလ ၂၄ ရက်နေ့တွင်ထုတ်ပြန်သည့်သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် ချင်းအမျိုးသားညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အစဉ်ဦးထိပ်ထားကာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တော်လှန်တိုက်ပွဲဆင်နွဲရသည့် အင်အားစုနှင့်အတူ အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၏ ပထမအကြိမ် ပုံမှန်အစည်းအဝေး၊ ဧပြီလ ၂၂ ရက်နေ့ ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်သည်။

ပထမအကြိမ် မရာပြည်သူ့ညီလာခံသက်တမ်း၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MATC) ၏ ပထမအကြိမ် ပုံမှန်ကောင်စီ အစည်းအဝေးကို ၂၀၂၂ခုနှစ်၊ဧပြီလ (၂၀-၂၂)အတွင်း (၃)ရက်ကြာ၊အိန္ဒိယ-မြန်မာ နယ်စပ်တစ်နေရာတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ ကောင်စီအစည်းအဝေးတွင် မရာနယ်မြေတိုက်နယ်(၆) ခုမှ ကောင်စီအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင် စီမံအုပ်ချုပ်ရေးကော်မတီဝင်များ၊မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်များ၊ အာဏာဖီဆန် လူထုမှုလှုပ်ရှားမှု (CDM) မှ ကောင်စီဝင်များ၊ နိုင်ငံတကာရောက် ကောင်စီအဖွဲ့ဝင်များ၊ ဗဟိုတရားသူကြီး အဖွဲ့ဝင်များ၊အထူးအကြံပေးပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသူများနှင့် လေ့လာသူများအပါအဝင် စုစုပေါင်း (၇၆)ဦးပါဝင်တက်ရောက်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အဆိုပါထုတ်ပြန်ချက်တွင် အာဏာဖီဆန်လှုပ်ရှားမှု(CDM) တွင် ပါဝင်သော အစိုးရဝန်ထမ်းများအစုအဖွဲ့သည် MATC ဖွဲ့စည်းမှုတွင် အဓိကထောက်တိုင်အဖြစ် ပါဝင်သည်နှင့်အညီ အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ဆက်လက်ပါဝင်ကြရန် တိုက်တွန်းလိုပါသည်။ လက်ရှိတွင် MATC သည် CDM တွင် ပါဝင်သော အစိုးရဝန်ထမ်းများအား ပံ့ပိုးကူညီနိုင်ရေးနှင့် MATC ၏ အုပ်ချုပ်ရေးယန္တရားလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စပေါ်ရွာသားများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့်ထွက်ပြေးတိမ်းရှောင်သည့် ရွာသူရွာသားများ မိမိနေရပ်သို့ ပြန်လည် အခြေချနေထိုင်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ကြေညာသည်။

ဆက်လက်၍ MATC ဖွဲ့စည်းပြီး (၃) လအတွင်း ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် မရာနယ်မြေအတွင်းရှိ ကျေးရွာများတွင် စီမံအုပ်ချုပ်ရေးကော်မတီများကို ဖွဲ့စည်းခဲ့ပြီး ကျောင်းများတွင် ကျေားသူ/သားများနှင့် စာသင်ကြားပေးမည့် ဆရာ/မများကိုလည်း ပညာသင်ကြားပေးနိုင်ရန်၊ ကျန်းမာရေးလုပ်ငန်းများနှင့် အခြားလူမှုရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် MACT ထိန်းချုပ်နယ်မြေ အတွင်းတွင် ပြည်သူ့အုပ်ချုပ်ရေး ယန္တရားများ လည်ပတ်နိုင်ရေး အနှောက်အယှက် ဖြစ်စေမည့် လုပ်ရပ်များ ကို MACT/MDF၏ နည်းဥပဒေ အတိုင်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် MATC/ MDF သည် ချင်းအမျိုးသားညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အစဉ်ဦးထိပ်ထားလျက် စစ်မှန်သော ဖက်ဒီရယ်ဒီမိုကရေစီ ထူထောင်ရေး၊ ချင်းလူမျိုးများ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တော်လှန်တိုက်ပွဲဆင်နွဲသည့် အင်အားစုများနှင့်အတူ လက်တွဲ၍ အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...