မတူပီ - ပလက်ဝ လမ်းမပေါ်တိုက်ပွဲတွင် စစ်ကောင်စီ (၆)ဦးသေ၊ ၇ ဦးဒဏ်ရာရဟု CDF – Matupi ကထုတ်ပြန်

မတူပီ - ပလက်ဝ လမ်းမပေါ်တိုက်ပွဲတွင် စစ်ကောင်စီ (၆)ဦးသေ၊ ၇ ဦးဒဏ်ရာရဟု CDF – Matupi ကထုတ်ပြန်

ချင်းပြည်နယ် မတူပီ - ပလက်ဝ လမ်းမပေါ်တွင် ဒီကနေ့ မနက်ပိုင်း ဧပြီလ (၂၂ ) ရက်နေ့ တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF – Matupi တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၆ ဦးသေ၊ (၇)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု CDF – Matupi ထုတ်ပြန်ထားပါသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် မတူပီ - ပလက်ဝ လမ်းမပေါ်ရှိ ထယ်ဘွေးတပ်စခန်းသို့ အင်အားဖြည့်တင်းပြီး ပြန်ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို မိုင်တိုင်အမှတ် (၁၆)တွင် CDF – Matupi နှင့် ဒီကနေ့ မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF – Matupi တပ်ဖွဲ့ဖက်မှ အထိအခိုက် အကျအဆုံး မရှိဘူးဟုလည်း ထုတ်ပြန်ထားပါသည်။

မတူပီမြို့နယ် CDF – Matupi နယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ စစ်အင်အား အလုံးအရင်းဖြင့် ဆက်လက်ပြီး ဖြည့်တင်းနေသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်းကိုလည်း CDF – Matupi ကထုတ်ပြန်ထားပါသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် CDF – Matupi အကြား တိုက်ပွဲများကြောင့် မတူပီ - ပလက်ဝ လမ်းမပေါ်ရှိ ကျေးရွာနေပြည်သူ အယောက် (၁၀၀၀) ခန့် တော၊ တောင်များတွင် စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...