မတူပီ - ပလက်ဝ လမ်းမပေါ်တိုက်ပွဲတွင် စစ်ကောင်စီ (၆)ဦးသေ၊ ၇ ဦးဒဏ်ရာရဟု CDF – Matupi ကထုတ်ပြန်

မတူပီ - ပလက်ဝ လမ်းမပေါ်တိုက်ပွဲတွင် စစ်ကောင်စီ (၆)ဦးသေ၊ ၇ ဦးဒဏ်ရာရဟု CDF – Matupi ကထုတ်ပြန်

ချင်းပြည်နယ် မတူပီ - ပလက်ဝ လမ်းမပေါ်တွင် ဒီကနေ့ မနက်ပိုင်း ဧပြီလ (၂၂ ) ရက်နေ့ တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF – Matupi တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၆ ဦးသေ၊ (၇)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု CDF – Matupi ထုတ်ပြန်ထားပါသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် မတူပီ - ပလက်ဝ လမ်းမပေါ်ရှိ ထယ်ဘွေးတပ်စခန်းသို့ အင်အားဖြည့်တင်းပြီး ပြန်ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို မိုင်တိုင်အမှတ် (၁၆)တွင် CDF – Matupi နှင့် ဒီကနေ့ မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF – Matupi တပ်ဖွဲ့ဖက်မှ အထိအခိုက် အကျအဆုံး မရှိဘူးဟုလည်း ထုတ်ပြန်ထားပါသည်။

မတူပီမြို့နယ် CDF – Matupi နယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ စစ်အင်အား အလုံးအရင်းဖြင့် ဆက်လက်ပြီး ဖြည့်တင်းနေသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်းကိုလည်း CDF – Matupi ကထုတ်ပြန်ထားပါသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် CDF – Matupi အကြား တိုက်ပွဲများကြောင့် မတူပီ - ပလက်ဝ လမ်းမပေါ်ရှိ ကျေးရွာနေပြည်သူ အယောက် (၁၀၀၀) ခန့် တော၊ တောင်များတွင် စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...