ကျောက်တော်မြို့နယ်တွင် လေဆင်နှာမောင်းတိုက်၍ နေအိမ် ၃၃လုံးပျက်စီး၍ တစ်ဦးဒဏ်ရာရ

ကျောက်တော်မြို့နယ်တွင် လေဆင်နှာမောင်းတိုက်၍ နေအိမ် ၃၃လုံးပျက်စီး၍ တစ်ဦးဒဏ်ရာရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နဂူမေ ကျေးရွာအုပ်စု ကုန်းတန်းတောင်တွင် ဇူလိုင် ၂၄ ရက်နေ့ ညနေ က လေဆင်နှာမောင်းတိုက်၍ နေအိမ် ၃၃ လုံးပျက်စီးခဲ့သည် ဟု အပေါက်ဝရဲစခန်းမှ ရဲအုပ်ဌေးဇော်က နိရဥ္စရာသို ့ ပြောသည်။

'' လေဆင်နှာမောင်းတိုက်သွားတယ်။ ညနေ၅နာရီလောက်က တိုက်သွားတာပါ'' ဟု ရဲအုပ်ဌေးဇော်က ပြောသည်။

အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်ရာတွင် ၁၅ အိမ်မှာ ခေါင်းမိုးများလန်သွားပြီး ၁၈အိမ်မှာ ပြိုပျက်သွားခဲ့သည်ဟု သိရသည်။

လေဆင်နှာမောင်းတိုက်၍ နေအိမ်ပြိုကျပြီး အမျိုးသမီးတစ်ဦးဘက်လက်ကျိုးသွားသည် ဟု သူကပြောသည်။

ရာသီဥတုဆိုးဝါးမှုကြောင့် ထိုကျေးရွာသို ့သွားရောက်ရန် အခက်အခဲရှိနေပြီး အတတ်နိုင်ဆုံး ကူညီစောက်ရှောက်ရန် ကြိုးစားနေသည် ဟု သူက ဆက်လက်ပြောဆိုသွားသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...