ကျောက်တော်မြို့နယ်တွင် လေဆင်နှာမောင်းတိုက်၍ နေအိမ် ၃၃လုံးပျက်စီး၍ တစ်ဦးဒဏ်ရာရ

ကျောက်တော်မြို့နယ်တွင် လေဆင်နှာမောင်းတိုက်၍ နေအိမ် ၃၃လုံးပျက်စီး၍ တစ်ဦးဒဏ်ရာရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နဂူမေ ကျေးရွာအုပ်စု ကုန်းတန်းတောင်တွင် ဇူလိုင် ၂၄ ရက်နေ့ ညနေ က လေဆင်နှာမောင်းတိုက်၍ နေအိမ် ၃၃ လုံးပျက်စီးခဲ့သည် ဟု အပေါက်ဝရဲစခန်းမှ ရဲအုပ်ဌေးဇော်က နိရဥ္စရာသို ့ ပြောသည်။

'' လေဆင်နှာမောင်းတိုက်သွားတယ်။ ညနေ၅နာရီလောက်က တိုက်သွားတာပါ'' ဟု ရဲအုပ်ဌေးဇော်က ပြောသည်။

အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်ရာတွင် ၁၅ အိမ်မှာ ခေါင်းမိုးများလန်သွားပြီး ၁၈အိမ်မှာ ပြိုပျက်သွားခဲ့သည်ဟု သိရသည်။

လေဆင်နှာမောင်းတိုက်၍ နေအိမ်ပြိုကျပြီး အမျိုးသမီးတစ်ဦးဘက်လက်ကျိုးသွားသည် ဟု သူကပြောသည်။

ရာသီဥတုဆိုးဝါးမှုကြောင့် ထိုကျေးရွာသို ့သွားရောက်ရန် အခက်အခဲရှိနေပြီး အတတ်နိုင်ဆုံး ကူညီစောက်ရှောက်ရန် ကြိုးစားနေသည် ဟု သူက ဆက်လက်ပြောဆိုသွားသည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...