ထားဝယ်ရှိ Mytel အရောင်းပြခန်း တိုက်ခိုက်ခံရ

ထားဝယ်ရှိ Mytel အရောင်းပြခန်း တိုက်ခိုက်ခံရ

ထားဝယ်မြို့ရှိ Mytel အရောင်းပြခန်း သေနတ်များ ဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်မြို့ အာဇာနည်လမ်းမကြီး ကရပ်ပြင်လမ်းဆုံအနီးရှိ Mytel အရောင်းပြခန်း အဆောက်အဦ ကို ဧပြီလ ၂၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က လူငယ် နှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိ လာပြီး ဝင်ပေါက်အဝရှိ CCTV များကို သေနတ်ဖြင့် အချက်များစွာ ပစ်ခတ်ပြီး ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ထိုသို့ ပစ်ခတ်ခံရပြီးနောက် အချိန်အနည်းငယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ခန့်ရောက်ရှိလာစဉ် ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

ပေါက်ကွဲမှုကြောင့် အဝင်အထွက် တံခါးပေါက်တို့တွင် တပ်ဆင်ထားသည့် မှန်များ ကွဲကြေသွားပြီး လူထိခိုက်  မှုရှိမရှိကို အတိအကျ မသိရသေး ဟု Mytel အရောင်းပြခန်း အနီးနေထိုင်သူများက ပြောသည်။

အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးက “သေနတ်သံ ၁၀ ချက်လောက် ကြားတယ်။ ကြောက်လို့ အိမ်ရှေ့တံခါး ပြေးပိတ်ပြီး ထားလိုက်တယ်။ နောက် ဆယ်မိနစ်တောင် မပြည့်လောက်သေးဘူး “ဝုန်း” ဆိုပြီး ပေါက်ကွဲသံကြီး ထပ်ကြားရတယ်” ဟု ပြောသည်။

ထို့နောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် Mytel အရောင်းပြခန်းသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက အရောင်းပြခန်းမှ ဝန်ထမ်းများနှင့် အနီးပတ်ဝန်းကျင်ရှိ လူများကို စစ်ဆေးမှုများ ပြုလုပ်နေ သည်ကို တွေ့မြင်ခဲ့ရသည်ဟု ထားဝယ် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်ဖေါက်ခွဲမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ကိုလည်း မသိရှိရသေးပေ။

ပစ်ခတ်ဖေါက်ခွဲခံရမှုနှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုနှင့် လူထိခိုက်ဒဏ်ရာရရှိမှုတို့ကို သတင်းနှင့် မီဒီယာ ကွန် ရက် သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...