သင်္ကြန်တွင်း စစ်ဗိုလ်နှင့် ရန်ဖြစ်ခဲ့သူ လူငယ်အား လိုက်လံရှာဖွေ

သင်္ကြန်တွင်း စစ်ဗိုလ်နှင့် ရန်ဖြစ်ခဲ့သူ လူငယ်အား လိုက်လံရှာဖွေ

သင်္ကြန်မဏ္ဍပ်တွင် ကခုန်ကြရင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးဆိုသူနှင့် ရန်ဖြစ်ခဲ့သည့် လူငယ်တစ်ဦးကို စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေသည်ဟု သိရသည်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အတက်နေ့၊ ဧပြီလ (၁၆) ရက်နေ့က  ကခုန်ကြရင်းမှ ခိုက်ရန် ဖြစ်ပွားခဲ့သည့် လူငယ်များထဲမှ ၅ ဦး ဖမ်းဆီးခံခဲ့ရပြီး လွတ်မြောက်သွားသူတစ်ဦးရှိရာ ၎င်းကို ရှာဖွေနေခြင်း ဖြစ် သည်ဟု မြို့ခံများက ပြောသည်။

“မြို့အနှံ့ ပိုက်စိတ်တိုက်ရှာနေတာ။ စစ်တပ်ရော ရဲရောပါတယ်။ မုဒိန်းကျင့်၊ လူသတ်၊ ဓားမြတိုက်သွားတဲ့ တရားခံ ပြေးကို ရှာတာထက်ဆိုးတယ်” ဟု ဆရာစံရပ်ကွက်တွင် နေထိုင်သူတစ်ဦး က ပြောသည်။

ထွက်ပြေး လွတ်မြောက်နေသူကို ရှာဖွေနေသည်မှာ (၄) ရက်မြောက်နေ့ ရှိပြီဖြစ်သော်လည်း ယနေ့ ဧပြီလ ၂၀ ရက်နေ့အထိ ဖမ်းမမိသေးဘူးဟု သိရသည်။

အခင်းဖြစ်ပွားခဲ့သည့် ဗဟိုမဏ္ဍပ်တွင် ရှိနေသူတစ်ဦးက “အကုန်လုံးက အရက်မူးနေကြတာ။ ဝုန်းဒိုင်းကြဲ ကနေရာက ထချကြတာ” ဟု ၎င်းမြင်တွေ့ခဲ့သည့် အဖြစ်အပျက်ကို ပြောပြသည်။

ပြဿနာဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက်မှ ဝိုင်းဝန်းထိုးကြိတ်ခံရသဖြင့် မျက်နှာတွင် ဖူး ယောင် ပေါက်ပြဲဒါဏ်ရာများ ရရှိသူမှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦး ဖြစ်ကြောင်းသိရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဝိုင်းအထိုးခံရတဲ့သူက စစ်တပ်က ဗိုလ်ကြီးဖြစ်နေလို့ ပုံကြီးချဲ့နေတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဗဟိုမဏ္ဍပ်ရှေ့ ရန်ဖြစ်ကြသည့် လူငယ်များထဲမှ ရေကြည်မြို့၊ အောင်ဆန်းရပ်ကွက်မှ လူငယ် ၁ ဦး၊ ဆရာစံ ရပ်ကွက်မှ လူငယ် ၄ ဦး စုစုပေါင်း ၅ ဦး ကို ရေကြည်မြို့မရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။

ရဲစခန်းတွင် ထိုလူငယ်များကို ဖမ်းဆီးချုပ်နှောင်ထားပြီး အဆိုပါမှုသည် ရဲအရေးပိုင်သည့်အမှု ဖြစ်သော်လည်း ရဲတပ်ဖွဲ့ထံ အပ်နှံခြင်းမရှိပဲ စစ်တပ်မှ ကိုင်တွယ်စစ်ဆေးမှာ ဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်အချို့က ပြောသည်။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...