ကျိုင်းတုံမြို့ အကြွေးကိစ္စပြန်ပေးဆွဲ၊ တရားခံမှာ တရုတ်နိုင်ငံသားပါဝင်

ကျိုင်းတုံမြို့ အကြွေးကိစ္စပြန်ပေးဆွဲ၊ တရားခံမှာ တရုတ်နိုင်ငံသားပါဝင်

သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့တွင် အကြွေးကိစ္စကြောင့်  ပြဿနာတက်ရာမှ အုပ်စုဖွဲ့ ပြန်ပေးဆွဲမှုများ ဖြစ်ပွားခဲ့ပြီး ပြန်ပေးဆွဲသည့် အဖွဲ့တွင် တရားမဝင် ရောက်လာသည့် တရုတ်နိုင်ငံသားပါဝင်နေကြောင်း သတင်းသိရသည်။

 

ဖြစ်စဥ်မှာ ယမန်နေ့ (ဧပြီလ ၁၇) ရက် မွန်းလွဲ ၂ နာရီကျော်တွင် ကျိုင်းတုံမြို့ရှိ  မြို့သစ်ရပ်ကွက် အတွင်း နေထိုင်သည့် အသက် (၆၀) နှစ်အရွယ် ဦးအာမဲကို အမည်မသိ လူသုံးဦးမှ နေအိမ်အထိ ကားတစ်စီးဖြင့်ရောက် လာပြီး မျက်နှာကို အဝတ်ဖြင့်စွပ်ကာ ဖမ်းခေါ်သွားကြောင်း သိရသည်။

 

“ဦးအာမဲက သူတို့ကို အကြွေးတွေတင်နေတယ်လို့သိရပါတယ်၊ သူ့ကို ဟိယန်းလောအုပ်စုဘက်မှာရှိတဲ့  တရုတ်သင်္ချိုင်းဘက်ကို ခေါ်သွားပြီးတော့ သူပိုင်တဲ့ ကားတွေ မြေဂရန်တွေကို သူတို့လက်ထဲ (လာဖမ်း သူ)ကို အပ်ရမယ်ဆိုပြီးတော့ ခြိမ်းခြောက်မှုတွေ ရှိတာတဲ့၊ ဦးအာမဲကလည်း သူ့အသက်အန္တရယ်ရှိမှာစိုး လို့သဘောတူလိုက်တယ်၊ လွတ်လာတော့ ရဲစခန်းမှာ အမှုဖွင့်တာပဲ” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

 

ထို့နောက် ဦးအာမဲအား လာရောက်ဖမ်းခေါ် ခြိမ်းခြောက်ပြောဆိုမှု ပြုလုပ်သူတို့အသုံးပြုသည့် ကားကို ကျိုင်းတုံမြို့၊ အမှတ်ရပ်ကွက်(၅)ရှိ ဖူလိုင်ဟိုတယ်ရှေ့တွင် ရပ်ထားလျက် တွေ့ရသဖြင့် စုံစမ်းခဲ့ရာ အခန်း အမှတ်-၁၀၇ နှင့် ၁၁၄ တို့တွင်တည်းခိုနေသော မောင်ရာဖာ အပါအဝင် ဆက်စပ်သည့် ကွင်းဆက် တရားခံများကို ဖမ်းဆီးရမိကြောင်း ရဲနှင့် နီးစပ်သူ အသိုင်းအဝိုင်းထံက သိရသည်။

 

“ဦးအာမဲတိုင်ထားလို့ ရပ်မိရပ်ဖတွေနဲ့ ရဲတွေပြီးတော့ သက်ဆိုင်ရာတွေ ပူးပေါင်းပြီး မောင်ရာဖာတို့အုပ်စုကို မနေ့က (ဧပြီလ ၁၈) မှာဖမ်းမိလိုက်ပြီ၊ သူတို့ကလည်း ကျူးလွန်ကြောင်းဝန်ခံတယ်၊ ပြီးတော့သူတို့နဲ့ အတူတူ နေနေတဲ့ အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၄ ဦးလည်းဖမ်းမိတယ်” ဟု ၎င်းက ပြောသည်။

 

မောင်ရာဖာအပါအဝင် ဖူလိုင်ဟိုတယ်အတွင်းတည်းခိုနေသည့် အမှုကျူးလွန်သူတရားခံများသည် ကျိုင်းတုံမြို့နယ်၊ ပန်ကြူအုပ်စု၊ လော့ကိုင်းဆန်ရွာနေ ယားဖာ(ကျား)၊ အားရင်ကျဲ(ခ)ရှဲဟိုရင်(မ)၊ ပန်ကြူအုပ်စု၊ နားကျိန်ရွာနေ ကျဘဲ(ကျား)၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နေ ယွင်ကွမ်စွမ်း(ကျား) တို့ဖြစ်ကြပြီး ၎င်းတို့အား မြို့မရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်းကိုလည်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...