မွန်ပြည်နယ်သို့ ဝင်လာသူများကို မှတ်ပုံတင်ပါ အမှတ်အသားနှင့် ကိုက်ညီမှု ရှိ၊ မရှိ သေချာစစ်ဆေး

မွန်ပြည်နယ်သို့ ဝင်လာသူများကို မှတ်ပုံတင်ပါ အမှတ်အသားနှင့် ကိုက်ညီမှု ရှိ၊ မရှိ သေချာစစ်ဆေး

မွန်ပြည်နယ်အတွင်း ဝင်လာသူများကို နိုင်ငံသားစီစစ်‌ရေးကဒ်ပြား (မှတ်ပုံတင်)ကဒ်အတွင်း ရေးသားထားသော အမှတ်အသားနှင့် ကိုက်ညီမှု ရှိ၊ မရှိ သေချာစစ်ဆေးပြီးမှ ဝင်ခွင့်ပေးကြောင်း ခရီးသွားများထံက သိရသည်။

ကျိုက်ထိုမြို့ စစ်တောင်းတံတား စစ်ဆေးရေးဂိတ်တွင် ခရီးသွားများကို မှတ်ပုံတင်ပါ အမှတ်အသားနှင့် ကိုက်ညီမှု ရှိ၊ မရှိ သေချာ စစ်ဆေးနေကြောင်း ရန်ကုန်မှ မော်လမြိုင်သို့ ပြန်လာသူတစ်ဦးက ပြောသည်။

"မှတ်ပုံတင် ပါလားဆိုပြီး မေးတယ်။ ပါတယ်ဆိုပြီး ထုတ်ပြတော့ သူက မှတ်ပုံတင်အမှတ်အသားကို ကြည့်တယ်။ ပြီးတော့ mask တပ်ထားတော့ နှာခေါင်းမှာ မှဲ့ပါတယ်ဆိုပြီး ရေးထားတော့ စစ်တဲ့စစ်သားက mask ဖြုတ် mask ဖြုတ်ဆိုပြီးတော့ ဆွဲဖြုတ်တယ်။ ပြီးတော့ ကြည့်တယ်။ ဘေးက ညီမလေးကိုကျတော့ လည်ပင်းမှာ အမှတ်အသားပါတယ်ဆိုပြီး ရေးထားတာ အဲတော့ ဖယ်စမ်း ဆံပင်ကိုဖယ်လိုက်စမ်းဆိုပြီး ပြောပြီးတော့ လည်ပင်းက အမှတ်သား ပါမပါ စစ်တယ်။ ရေးထားတာနဲ့ အမှတ်သားပါတယ်ဆိုတာ ဟုတ်လား မဟုတ်လား စစ်တယ်"ဟု ၎င်းက ပြောသည်။

ဧပြီလ ၁ရက်က စပြီး စပြီး မွန်ပြည်နယ်၏ အဓိက ဝင်ပေါက်ဖြစ်သော ကျိုက်ထိုမြို့ စစ်တောင်းတံတားဂိတ်နှင့် ရေးမြိုအဝင် စစ်ဆေးရေးဂိတ်များတွင် တင်းကြပ်စွာ စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လများက ခရီးသွားလာရာတွင် မှတ်ပုံတင်ပါ မပါသာ စစ်ဆေးခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ယခုတွင် မှတ်ပုံတင်ပါ အမှတ်အသားများနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးအတည်ပြုလာသည်ကို တွေ့ရကြောင်း ထပ်ပြောသည်။

ထို့ပြင် မှတ်ပုံတင်မပါသည့် ခရီးသည်များကိုလည်း ပြည်နယ်အတွင်း ဝင်ခွင့်မပေးဘဲ ပြန်လှည်ခိုင်းကြောင်း မန္တလေးမှ မော်လမြိုင်သို့ ပြန်လာသည့် ခရီးသည် တစ်ဦးက ပြောသည်။

"ပြည်နယ်အတွင်းမှာ နေတဲ့သူပေါ့ မော်လမြိုင်အိမ်ကို ပြန်လာတဲ့သူတွေဆိုရင်တော့ ဝင်ခွင့်ပေးတယ်။ တစ်ခြားပြည်နယ်ကနေ လာတဲ့သူဆိုရင်တော့ မှတ်ပုံတင်မပါရင် ပြန်လှည့်ခိုင်းတယ်"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဧပြီ ၁ ရက်နေ့ကစပြီး မှတ်ပုံတင်အစား ထောက်ခံစာပြသပြီး ခရီးသွားလာခြင်းများကို ခွင့်ပြုမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...