စာသင်ကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်အားဝင်ရောက်တိုက်ခိုက်ရာ (၄)ဦးသေဆုံးကြောင်း PDF (တမူးမြို့) သတင်းထုတ်ပြန်

စာသင်ကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်အားဝင်ရောက်တိုက်ခိုက်ရာ (၄)ဦးသေဆုံးကြောင်း PDF (တမူးမြို့) သတင်းထုတ်ပြန်

စစ်ကိုင်တိုင်းဒေသကြီး တမူးမြို့ မြို့မရပ်ကွက် နန်းဖာလုံ အထက(ခွဲ)ကျောင်းဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF(တမူးမြို့)က ဧပြီလ ၁၇ရက်နေ့ ညပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၄)ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(တမူးမြို့)ကထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့)မှ တပ်ရင်း(၁)နှင့် တပ်ရင်း(၂)တို့မှ အထူးကွန်မန်ဒိုများက တမူးမြို့ မြို့မရပ်ကွက် နန်းဖာလုံ အထက(ခွဲ)ကျောင်းဝန်း အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အလစ်ဝင်တိုက်ခိုက်ရာ တပ်ကြပ်အဆင့်ရှိသူအပါအဝင်စစ်ကောင်စီတပ်သား(၄)ဦးသေဆုံးကြောင်း၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှာ တစ်စုံတစ်ရာထိခိုက်ဒဏ်ရာမရရှိဘဲ ဆုတ်ခွာလာနိုင်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအပြီးနာရီဝတ်ခန့်အကြာမှသာ တမူးမြို့ဖက်မှလူနာတင်ကားများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ကားများရောက်ရှိလာပြီး လက်နက်ကြီး၊လက်နက်ငယ်များရမ်းသမ်းပစ်ခတ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများကိုသယ်ဆောင်ကြကြောင်း အဆိုပါထုတ်ပြန်ချက် တွင်ပါရှိသည်။

ထို့အပြင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးအရှိန်အဟုန်မြှင့်နေသည့်ကာလဖြစ်၍ မိဘပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားနေသည့်အချိန်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် နေရာများ အနီးတစ်ဝိုက်တွင်ဖြတ်သန်းသွားလာခြင်းမပြုကြရန်နှင့် ထိခိုက်မှုများရှိလာပါက တာဝန်ယူမည်မဟုတ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။

ယမန်နေ့နံနက်ပိုင်းကလည်း တမူးမြို့၊နန်းဖာလုံစျေး လမ်းဆုံတွင် FIGHTER POLICE CDM (TAMU) ကစစ်ကောင်စီ ထုတ်ကုန်များ သယ်ယူခြင်း ရှိ/မရှိ စစ်ဆေးရာ ခမရ(၂၆၆) မှ ဗိုလ်ကြီး ဝဏ္ဏဖြိုး ဆိုသူ၏ Apache ဆိုင်ကယ်ကို သိမ်းဆည်းကြောင်းသိရသည်။

စစ်ကိုင်းတိုင်း တမူးခရိုင်အတွင်းရှိ တမူး-အောင်ဇေယျလမ်း၊ တမူး-ခမ်းပတ်လမ်းများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ည၇နာရီမှ မနက်၆နာရီအတွင်းဖြတ်သန်းသွားလာခွင့် မပြုကြောင်းအပါအဝင်ထုတ်ပြန်ချက်(၅)ချက်ဖြင့် မတ်လ ၃၀ရက်နေ့မှစပြီး အဆိုပါ လမ်းပိုင်းအသုံးပြုခြင်းအား ကန့်သတ်ထားကြောင်းသိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...