စက်လှေမှောက်၍ နယ်ခြားစောင့် ရဲမှူးတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦး ပျောက်ဆုံးနေ

စက်လှေမှောက်၍ နယ်ခြားစောင့် ရဲမှူးတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦး ပျောက်ဆုံးနေ
by -
မဇ္ဈိမ
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘူးသီးတောင်မြို့နယ်တွင် နယ်ခြားစောင့်ရဲမှူးတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦးတို့ ဇူလိုင်လ ၂၃ ရက်နေ့က ည ရ နာရီခန့်တွင် ခရီးစဉ်အတွင်း စက်လှေမှောက်၍ ပျောက်ဆုံးနေကြောင်းသိရသည်။

ပျောက်ဆုံးနေသည့် ရဲတပ်ဖွဲ့ဝင်များမှာ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာနယ်မြေ ရဲမှူးရဲဇော်ထွဋ်အပါအဝင် တပ်ဖွဲ့ဝင်သုံးဦးတို့ဖြစ်ကြောင်းသိရပြီး ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းဒေသတွင် လုံခြံုရေးတာဝန်ထမ်းဆောင်ပြီး တောင်ဘဇာသို့ အပြန်လာစဉ် စက်လှေနစ်မြှုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က ကျောင်းတောင်ရွာကနေ စက်လှေသုံးစီးနဲ့ လာတာလို့ပြောပါတယ်။ မှောက်တဲ့လှေမှာ ရဲတပ်ဖွဲ့ဝင် ရ ဦး ပါတယ်လို့ သိရပါတယ်။ မှောက်တာက ကျွန်းပေါက်၊ ပဲသဒူရွာနားမှာ စက်မထိန်းနိုင်ဘဲ မှောက်သွားတယ်လို့ ကြားပါတယ်။ အဲဒီစက်လှေက နောက်ဆုံးကလာနေတဲ့စက်လှေလို့ သိရပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပျောက်ဆုံးသေူများမှာ နယ်မြေမှူးရဲမှူး ရဲဇော်ထွဋ်၊ တပ်ကြပ် ခင်မောင်သန်း၊ ဒု-တပ်ကြပ် ကိုကိုအောင်နှင့် ဒု-တပ်ကြပ် ထွန်းလင်းထိုက်တို့ဖြစ်ပြီး စက်လှေတိမ်းမှောက်ရာတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် စက်လှေမောင်းသူ မူစတာဖာတို့မှာ လွတ်မြောက်လာခဲ့ကြောင်းသိရသည်။

ယင်းအပြင် နစ်မြှုပ်သွားသည့်စက်လှေအား ယနေ့မနက်ပိုင်းတွင် ကျွန်းပေါက်ကျေးရွာအနီးတွင် ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်ခဲ့သည့် သေနတ်နှစ်လက်နှင့် အတူ ပြန်လည်ရှာတွေ့ခဲ့ကြောင်းသိရကာ   ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန်အတွက် တောင်ဘဇာနယ်မြေ ရဲစခန်းသို့ဆက်သွားခဲ့သော်လည်း ကယ်ဆယ်ရေးများ သွားရောက်နေကြသည့်အတွက် အဆက်အသွယ်မရရှိိခဲ့ပါ။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...