ရဲစခန်း ရှေ့ ဗုံးပေါက်ကွဲ

ရဲစခန်း ရှေ့ ဗုံးပေါက်ကွဲ

ကျိုက်လတ်မြို့၊ ရဲစခန်းရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့၊ ၉ လမ်းနှင့် ၁၀ လမ်းကြားရှိ ရဲစခန်းရှေ့တွင် သင်္ကြန်အတက်နေ့၊ ဧပြီလ ၁၆ ရက် နေ့၊ ညနေ ၄ နာရီခွဲ အချိန်ခန့်က ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ဗုံးသံကြောင့် ထိတ်လန့် ထွက်ပြေးခဲ့သူ တစ်ဦးက “အသံက အကျယ်ကြီးပဲ။ ဆောင်းဘောက်စ်(sound box) က ထွက်လာတဲ့ တီးသံဆိုသံတွေကို ဖုံးသွားတာဗျ။ ကနေ ဆိုနေတဲ့သူတွေရော လုံခြုံရေး အစောင့်တွေပါ ပြေးတာ” ဟု ပြောသည်။

အဆိုပါ ဗုံးဖေါက်ခွဲမှုကို ဧရာဗေဒါအဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဗဟိုသင်္ကြန်မဏ္ဍပ်အား ဗုံးဖောက်ခွဲရန် စီစဥ်ခြင်းဖြစ်သော်လည်း၊ ရေကစားသူ၊ ကခုန်သူနှင့် ကြည့်ရှု့သူတို့ များ ပြားနေသဖြင့် နေရာပြောင်းကာ မဏ္ဍပ်အနီးရှိ ရဲစခန်းရှေ့တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဧရာဗေဒါအဖွဲ့က ထုတ်ပြန်သည်။

နဂိုရည်မှန်းချက်အတိုင်း လုပ်ဆောင်ပါက ထိခိုက်မှုများနိုင်သဖြင့် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ရဲစခန်းရှေ့သို့ ပြောင်းပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုနေ့က မဏ္ဍပ်ရှေ့တွင် အရက်မူး၍ အော်ဟစ် ကခုန်နေသူ အများစုကို တွေ့မြင်ရပြီး လူဦးရေ ၁၀၀ ခန့် ရှိနိုင် သည်ဟု မဏ္ဍပ်အနီးရောက်နေသူတစ်ဦး က ပြောသည်။

ဗုံးပေါက်သဖြင့် ထိခိုက်မှု ရှိကြောင်း သိရသော်လည်း စာရင်းအတိအကျ၊ အတည်ပြုကာ ထုတ်ပြန်နိုင်ခြင်း မရှိ သေးပေ။

အဆိုပါ ဖောက်ခွဲမှုတွင် ကျိုက်လတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ဧရာဝတီတိုင်းဒေသခကြီးထဲတွင် သင်္ကြန်ကာလ အတွင်း ဗုံးပေါက်ကွဲမှု ဖျာပုံမြို့တွင် နှစ်ကြိမ်၊ ပုသိမ်၊ မအူပင်၊ ကျောင်းကုန်း၊ မော်လမြိုင်ကျွန်းနှင့် ဟင်္သာတမြို့တို့တွင် တစ်ကြိမ်စီ၊ စုစုပေါင်း မြို့ ၆ မြို့တွင် ၇ ကြိမ် ပေါက်ကွဲ မှုများ ဖြစ်ပွားခဲ့သည်။

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...