ဒလန် ဆိုသူ တစ်ဦး ဓါးဖြင့် ခုတ်သတ်ခံရ

ဒလန် ဆိုသူ တစ်ဦး ဓါးဖြင့် ခုတ်သတ်ခံရ

စစ်ကောင်စီ သတင်းပေးဒလန် ဟု နာမည်ကြီးနေသူ တစ်ဦး ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် အသတ်ခံရသည် ဟု မြို့ခံများက ပြောသည်။

ဘိုကလေးမြို့၊ စက်ဆန်းကျေးရွာတွင် နေထိုင်သူ ခေါကြီး ဆိုသူ ဧပြီလ ၁၅ ရက်နေ့ ညနေ ၅ နာရီကျော် အချိန် ခန့်က ဓားဖြင့်ခုတ်သတ်ခံလိုက်ရသည် ဟု စက်ဆန်းကျေးရွာတွင် နေထိုင်သူအချို့က ပြောသည်။

“ခေါကြီးက လမ်းပေါ်မှာလဲနေတာ။ သွေးတွေလည်း အိုင်ထွန်းနေတာပဲ” ဟု မျက်မြင်တွေ့သူ တစ်ဦး က ပြော သည်။

ခေါကြီး အသတ်ခံရသည်ဟု သတင်းပြန့်သွားပြီးနောက်၊ ၁၅ မိနစ်ခန့် အကြာတွင် စစ်သားနှင့် ရဲများ ရောက်ရှိ လာပြီး ခေါကြီးကို ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု အခင်းဖြစ်သည့် နေရာအနီးတွင် နေထိုင်သူအချို့က ပြော သည်။

ဆေးရုံတာဝန်ရှိသူတစ်ဦးက “ပြတ်ရှ ဒါဏ်ရာပေါ့ လည်ပင်းကို ဓားနဲ့ခုတ်တာ ဖြစ်မယ်” ဟု မှတ်ချက်ပေးသည်။

စက်ဆန်းကျေးရွာ အမှတ် ၃ နယ်မြေက ရေကစားပြီးအပြန် လမ်းတွင် ဓားဖြင့် အခုတ်ခံလိုက်ရခြင်းဖြစ်သည်။

သို့သော် မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်း က ပြုလုပ်သည်ကို မသိရှိရသေးဘူးဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦး က ပြောသည်။

ခေါကြီးသည် စစ်ကောင်စီခန့် ရာအိမ်မှူးဖြစ်သူ အေးမြင့်လေး၏ တပည့်ဖြစ်ပြီး၊ ၎င်းတို့ နှစ်ဦးပူးပေါင်းကာ စစ် ကောင်စီကို သတင်းပေးသဖြင့် ဘိုကလေးမြို့အတွင်းရှိ CDM ဝန်ထမ်းအချို့ ထွက်ပြေး တိမ်းရှောင်နေကြရ သည် ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

စက်ဆန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံရသူ အများစုသည် ၎င်းတို့နှစ်ဦး၏ သ

တင်းပေးပို့မှုများကြောင့် ဖြစ်သည်ဟု ဒေသအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်း ထုတ်ပြန်ထား သည်လည်း ရှိသည်။

ဘိုကလေးမြို့တွင် သတင်းပေး ဒလန်ဆိုသူ ချစ်စမ်းမောင်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း၊ မသူဇာကြီး ကို ၂၀၂၂ ခုနှစ် ဧပြီလ တွင်လည်းကောင်း အသတ်ခံခဲ့လိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...