ဗိုလ်ချုပ်ကြီးယွက်စစ် အပါ လက်နက်ကိုင်များကို နကစ ဥက္ကဌမှ ဝဏ္ဏကျော်ထင်ဘွဲ့ပေး

ဗိုလ်ချုပ်ကြီးယွက်စစ် အပါ လက်နက်ကိုင်များကို နကစ ဥက္ကဌမှ ဝဏ္ဏကျော်ထင်ဘွဲ့ပေး

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် အပါ အဝင် လက်နက်ကိုင်အဖွဲ့အစည်းများကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(ဧပြီ ၁၇ ရက်)တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နစကဥက္ကဌ မှပေးအပ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူများမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ALP မှ ဦးခိုင်စိုးနိုင်အောင်၊ NMSP ဥက္ကဋ္ဌဟောင်း နိုင်ထောမွန်၊ NMSP ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင်၊ PNLO ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ KNU/KNLA-PC ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ဌေးမောင်(ခ)စောဌေးမောင်၊ KIO(ခွဲထွက်)ဦးလဆန်အောင်  ဝါအဖွဲ့မှ ခေါင်းဆောင် ဦးလဆန်အောင်ဝါ၊ KNU ဖဒိုအောင်ဆန်းအဖွဲ့မှ ဖဒိုအောင်ဆန်း၊ KNU တပ်မ ဟာ(၂) သံတောင် အထူးဒေသအဖွဲ့မှ စောဖယ်ရီမိုး၊ KNU တပ်မတော်(၆) တပ်ရင်း(၁၆)မှ ဦးစောသမူဟဲတို့ ဖြစ်သည်။

ထို့ပြင်ကချင်ပြည်နယ်အထူးဒေသ-၁ NDAK ဥက္ကဋ္ဌ ဦးစခုန်တိန့်ယိန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဥက္ကဋ္ဌ ဦးအောာင်ခမ်းထီ၊ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်မတော်(PSLA)ဥက္ကဋ္ဌ ဦးအိုက်မုန်း၊ ကယားပြည်နယ် အထူးဒေသ-၁ (ကယန်းအဖွဲ-(KNG)ခေါင်းဆောင် ဦးကေဘရယ်ပျံ၊ ကယားပြည်နယ်အထူးဒေသ-၂ (ကရင်နီလူမျိုးပေါင်းစုံပြည်သူ့ လွတ် မြောက်ရေးအဖွဲ့-ကလလတ)ခေါင်းဆောင် ဦးစန္ဒာ၊ DKBA ဆရာတော်ဟု နာမည်တွင်သော မြိုင်ကြီးငူဆရာတော် ဦးသုဇန၊ ကရင်တော်လှန်ရေးကောင်စီ ဗဟိုအာဏာပိုင်အဖွဲ့ခေါင်ေးဆာင် စောဟန်တာသာမွေး၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး (LDU) ဥက္ကဋ္ဌ ကြာခွန်ဆာ တို့ဖြစ်ကြသည်။

နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုး ထူးချွန် ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နိုင်မှုများအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ယာယီသမ္မတ ဦးမြင့်ဆွေ၊ သမ္မတဟောင်း စန်းယု တို့ကိုလည်ူ ဂုဏ်ထူးဆောင် တံဆိပ်များ အား နစကဥက္ကဌက ယနေ့(ဧပြီ ၁၇ ရက်)ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ဂုဏ်ထူးဆောင် တံဆိပ်ကို ဗိုလ်ချုပ်မှူးကြီး စောမောင်၊ဦးနေဝင်း၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ဦးစိန်ဝင်း၊ဦးမောင်မောင်ခ တို့လည်း ရရှိခဲ့သည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...