ကလေးအကျဉ်းထောင်မှ အကျဉ်းသူ/သား (၃၂)ဦး ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်ရ၊နိုင်ငံရေးအကျဉ်းသားမပါဝင်

ကလေးအကျဉ်းထောင်မှ အကျဉ်းသူ/သား (၃၂)ဦး ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်ရ၊နိုင်ငံရေးအကျဉ်းသားမပါဝင်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် အကျဉ်းသူ/အကျဉ်းသား (၃၂)ဦးတို့အား ဧပြီလ(၁၇)ရက်နေ့ (မြန်မာ့နှစ်ဆန်းတစ်ရက်နေ့)တွင် ရာဇဝတ်မှုကျင့်ထုံးဉပဒေပုဒ်မ ၄၀၁၊ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်များကိုလျော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ပြီး နိုင်ငံရေးအကျဉ်းသူ/သား မပါဝင်ကြောင်းသိရသည်။

အဆိုပါ လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် အမျိုးသား(၂၅)ဦးနှင့် အမျိုးသမီးအကျဉ်းသူ(၇)ဦးတို့ဖြစ်ကြပြီး နိုင်ငံရေးအကျဉ်းသားများနှင့်ပုဒ်မ ၅၀၅ဖြင့်အကျဉ်းကျနေသူ တစ်ဉီးမျှ မပါဝင်ကြောင်းသိရသည်။

“ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ လွတ်များလွတ်လာမလားလို့ မျော်နေတာ လွတ်မလာဘူး၊ ပြီးခဲ့တဲ့မတ်လ လဆန်းပိုင်းတုန်းကလည်း မျှော်ပြီးပြီ ဒီနေ့လွတ်မလာတော့ အန်တီလည်းဘာမှမတက်နိုင်ဘူး နိုင်ငံရေးအကျဉ်းသားတွေ၊ ပုဒ်မ ၅၀၅နဲ့ တရားစွဲ ထောင်ချခံရတဲ့သူတွေ အမြန်လွတ်လာဖို့ဆုတောင်းယုံပဲရှိတော့တယ်” ဟု အကျဉ်းထောင်ရှေ့တွင် သွားရောက်စောင့်ဆိုင်းခဲ့သည့် အမျိုးသမီးတစ်ဦးကအခုလိုပြောကြားခဲ့သည်။

အလားတူပင်တမူးမြို့နယ်အတွင်းရှ သနန်အကျဉ်းစခန်းမှ အကျဉ်းသား(၉)ဦး၊မြို့သစ် အကျဉ်းစခန်းမှ အကျဉ်းသား(၁၁)ဦး၊ဗန္ဓလအကျဉ်းစခန်းမှကျား (၁၇)ဦး အုတ်ဖိုကန်ဘောင်အကျဉ်းစခန်းမှ(၆)ဦး စုစုပေါင်း(၄၃)ဦးတို့ လွတ်ငြိိမ်းသက်သာခွင့်ရကြကြောင်းသိရသည်။

၂၀၂၂ခုနှစ် ဧပြီလ(၂၂)ရက်နေ့တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊အချုပ်ထောင်၊စခန်းအသီးသီးမှ အကျဉ်းသူ၊အကျဉ်းသား စုစုပေါင်း(၁၆၁၉)ဦးမှာ လွတ်ငြိမ်းသက်သာခွင့်ရကြပြီး ၎င်းတို့အနက် နိုင်ငံခြားသားအကျဉ်းသူ/အကျဉ်းသား(၄၂)ဦးတို့အား ပြည်နှင်ဒဏ်ပေးလိုက်ကြောင်းသိရသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...