မွန်ပြည်သစ်ပါတီမှ နိုင်ရွှေကျင်၊ နိုင်ထောမွန် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို ဝဏ္ဏကျော်ထင်ဘွဲ့ပေး

မွန်ပြည်သစ်ပါတီမှ နိုင်ရွှေကျင်၊ နိုင်ထောမွန် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို ဝဏ္ဏကျော်ထင်ဘွဲ့ပေး

မွန်ပြည်သစ်ပါတီ (NMSP)  ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင်နှင့် နိုင်ထောမွန် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၇၅ နှစ်တာကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံ သားများ ကောင်းကျိုးကို ထူးချွန်ပြောင် မြောက်စွာ တာဝန်ထမ်းထမ်းဆောင်နိုင်မှုများအတွက် ဝဏ္ဏကျော်ထင်ဘွဲ့ ဂုဏ်ထူးဆောင်တံဆိပ်ကို ချီးမြှင့် အပ်နှင်းခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နစက ဥက္ကဋ္ဌမှ ပေးအပ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူများမှာ မွန်ပြည်သစ်ပါတီမှ နိုင်ရွှေကျင်၊ နိုင်ထောမွန်၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ALP မှ ဦးခိုင်စိုးနိုင်အောင်၊ PNLO ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ KNU တပ်မတော်(၆) တပ်ရင်း(၁၆)မှ ဦးစောသမူဟဲ၊ KNU/KNLA-PC ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ဌေးမောင်(ခ)စောဌေးမောင်၊ KIO(ခွဲထွက်)ဦးလဆန်အောင်  ဝါအဖွဲ့မှ ခေါင်းဆောင် ဦးလဆန်အောင်ဝါ၊ KNU ဖဒိုအောင်ဆန်းအဖွဲ့မှ ဖဒိုအောင်ဆန်း၊ KNU တပ်မ ဟာ(၂) သံတောင် အထူးဒေသအဖွဲ့မှ စောဖယ်ရီမိုး တို့ ဖြစ်သည်။

ယင်း ကရင်တော်လှန်ရေးကောင်စီ ဗဟိုအာဏာပိုင်အဖွဲ့ခေါင်ေးဆာင် စောဟန်တာသာမွေး၊ ကချင်ပြည်နယ်အထူးဒေသ-၁ NDAK ဥက္ကဋ္ဌ ဦးစခုန်တိန့်ယိန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဥက္ကဋ္ဌ ဦးအောာင်ခမ်းထီ၊ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်မတော်(PSLA)ဥက္ကဋ္ဌ ဦးအိုက်မုန်း၊ ကယားပြည်နယ် အထူးဒေသ-၁ (ကယန်းအဖွဲ-(KNG) ခေါင်းဆောင် ဦးကေဘရယ်ပျံ၊ တည်ထောင်သူ၊ ငြိမ်းချမ်းရေးဖောင်ဒေးရှင်း အတွင်းရေးမှူး၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် Dr.Saboi Jum၊ ကယားပြည်နယ်အထူးဒေသ-၂ (ကရင်နီလူမျိုးပေါင်းစုံပြည်သူ့ လွတ် မြောက်ရေးအဖွဲ့-ကလလတ)ခေါင်းဆောင် ဦးစန္ဒာ၊ DKBA ဆရာတော်ဟု နာမည်တွင်သော မြိုင်ကြီးငူဆရာတော် ဦးသုဇန၊ တို့လည်း ဝဏ္ဏကျော်ထင်ဘွဲ့များ အသီးသီး ရရှိခဲ့ကြသည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...