မုံးကိုးမြို့နယ်အတွင်း စစ်ကောင်စီတပ် အင်အားအများအပြားဖြည့်တင်းမှုရှိ

မုံးကိုးမြို့နယ်အတွင်း စစ်ကောင်စီတပ် အင်အားအများအပြားဖြည့်တင်းမှုရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်များ အင်အားအများအပြား ဖြည့်တင်း နေကြောင်း စုံစမ်းသိရှိရသည်။

ဧပြီ ၁၁ ရက်တွင် စစ်ကောင်စီမှ လက်နက်အပြည့်တင်ဆောင်လာသည့် စစ်ကား (၁၇) စီး၊ လူအင်အား (၂၄၀) ခန့် တင်ဆောင်လာသည့် ကား (၅) စီး နှင့် ရိက္ခာတင်ဆောင်လာသည့် ကား (၁၀) စီး စုစုပေါင်း (၃၂) စီး မုံးကိုးမြို့နယ်ဘက်သို့ အင်အားဖြည့်တင်းနေကြောင်း မုံးကိုးဒေသခံ အမည်မဖော်လိုသူ အမျိုးသား တစ်ဦး ကပြောသည်။

“လားရှိုးဘက် တက်လာတယ်လို့ကြားတယ်။ (၂၀) ကျော်က လောက်ကိုင်ဘက် သွားတယ်လို့ကြားတယ်။ အစီး (၅၀) လောက်က နမ့်အွမ် ဘက်သွားပြီးတော့ မနေ့ကတော့ (၃၂) စီးလောက် ဒီဘက် တက်လာတယ်” ဟု မုံးကိုးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီလက်အောက်ခံ တပ်မ (၇၇) နှင့် တပ်မ (၉၉) တို့ဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီဘက်က မုံးကိုးမြို့နယ်ကို ပြန်ပြီးအုပ်ချုပ်လို့ရအောင် ထင်တယ်။ ကိုးကန့် နဲ့ တိုက်ပွဲဖြစ်နေတုန်းပဲ။ ကြီးကြီးမားမားတော့မရှိသေးဘူး။ ဒါမှမဟုတ် သူတို့ တပ်သားတွေကို အပြောင်းအရွှေ့ လုပ်တာလဲဖြစ်နိုင်တယ်” ဟု မုံးကိုးဒေသခံ အမျိုးသား တစ်ဦးကပြောသည်။

မုံးကိုးမြို့နယ်အတွင်း စစ်ကောင်စီ နှင့် MNDAA တို့ စစ်ရေးတင်းမာမှုရှိပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားသည့် နေရာဒေသ ဖြစ်သည်။

တိုက်ပွဲကြောင့် မုံးကိုးမြို့ပေါ်ရှိ စစ်ဘေးရှောင်များ (၈၀၀) ကျော်ခန့်ရှိပြီး ကျေးရွာ ၇ ရွာမှ ဒေသခံများအတွက် ဆန် နှင့် စားနပ်ရိက္ခာများ ပြတ်လပ်မှုများလည်း ကြုံခဲ့ကြောင်း သိရှိရသည်။

မုံးကိုးမြို့အတွင်းတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ဩဂုတ် လကုန်ပိုင်းမှ စတင်ပြီး ယနေ့ချိန်ထိ စစ်ကောင်စီ နှင့် တပ်ဖွဲ့ နှင့် ကိုးကန့် MNDAA တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့သောကြောင့် ဒေသခံကျေးရွာ ၇ ရွာမှ ပြည်သူ ၈၀၀ ခန့်က မုံးကိုးမြို့ပေါ်ရှိ ဘာသာရေးဘုရားကျောင်း နှင့် ဘုန်းကြီးကျောင်းများတွင် ယနေ့ချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...