ဇနီးကို ဓါးဖြင့် ခုတ်သူ အုပ်ချုပ်ရေးမှူး အရေးယူခြင်း မခံရ

ဇနီးကို ဓါးဖြင့် ခုတ်သူ အုပ်ချုပ်ရေးမှူး အရေးယူခြင်း မခံရ

ဇနီးဖြစ်သူအား ဓါးဖြင့် ခုတ်ခဲ့သော်လည်း ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမှာ ရဲတပ်ဖွဲ့၏ ဖမ်းဆီး အရေးယူခြင်း မရှိကြောင်း သိရသည်။

ကျုံပျော်မြို့နယ်၊ ကျွဲတလင်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းညိုက ၎င်း၏ ဇနီးဖြစ်သူကို ဧပြီ လ ၈ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင် အချိန်ခန့်က ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဇနီးသည် ဖြစ်သူဘက်က မိသားစုဝင်တစ်ဦးက “လင်မယားချင်း ဖြစ်တဲ့ကိစ္စမို့ ကြေအေးပြီး အမှုကို ဖျောက် ဖျက်ဖို့ လာညှိတယ်” ဟု ပြောသည်။

ဓားဖြင့် ခုတ်ခဲ့သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို နယ်မြေခံရဲနှင့် စစ်ကောင်စီတပ်က ရောက်ရှိလာကာ စစ် ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ကျူးလွန်သူ ဦးဝင်းညိုကို ဖမ်းဆီးခြင်းမရှိ ဟု ဆက်သိရသည်။

လာရောက် စစ်ဆေးသည့် ညမှာပင် ကြေအေးနိုင်ရန် ညှိနှိုင်းခြင်းဖြစ်သည်ဟု ဓါးဖြင့် ခုတ်ခံရသည့် ဇနီးသည်၏ မိသားစုဝင်က ဆက်ပြောသည်။

ဓါးခုတ်ခံရသည့် ဘက်က ကျူးလွန်သူ ဦးဝင်းညိုကို ဥပဒေအရ အရေးယူပေးရန် လိုလားသည်ဟု ဆိုသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းညိုသည် ၎င်း၏ ဇနီးဖြစ်သူနှင့် စကားများရာမှ ဇနီးသည်၏ လည်ပင်းကို ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။

ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက “ခေါင်းရော လည်ပင်းရော ထိထားတယ်။ နားရွက် တစ်ဘက်ပြတ် သွားတယ်။ တိုက်နယ် ဆေးရုံ ပို့လိုက်ရ တယ်” ပြောသည်။

ဓားဖြင့်ခုတ်ခံရသည့် အုပ်ချုပ်ရေးမှူး ဦးဝင်းညို၏ ဇနီးဖြစ်သူသည် လက်ရှိတွင် ကျွဲတလင်းကျေးရွာနှင့် အနီး ဆုံးဖြစ်သည့် ကျောင်းကုန်းမြို့နယ် အတွင်းရှိ ဝက်ချောင်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

ဇနီးသည်ကို ဓားဖြင့်ခုတ်သည့် အုပ်ချုပ်ရေးမှူး ဦးဝင်းညိုအား အရေးယူ ဆောင်ရွက်မှု အခြေအနေနှင့် ပတ် သက်၍ ရဲတပ်ဖွဲ့တာဝန်ရှိသူအား ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...