ကလေးမြို့တွင်းတိုက်ပွဲ နေအိမ်တစ်လုံးပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲ ၂ ဦးဒဏ်ရာရ၊

ကလေးမြို့တွင်းတိုက်ပွဲ နေအိမ်တစ်လုံးပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲ ၂ ဦးဒဏ်ရာရ၊

ကလေးမြို့ အင်ဒိုင်းကုန်းနှင့် မြို့လှရပ်ကွက်ဘက်တွင် ဧပြီ ၉ ရက်နေ့ မနက်ပိုင်း ၁၀ ဝန်းကျင်လောက်ကစ၍ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အင်ဒိုင်းကုန်း(ယခင်မွှန်ထာရွာ)ရပ်ကွပ်ရှိလူနေအိမ်တစ်လုံးပေါ်ကျရောက် ပေါက်ကွဲကာ အိမ်ရှင်လင်မယားထိခိုက်ဒ ဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ရှင်အမျိုးသား၏ ဦးခေါင်း၊ ကျောကုန်းနှင့် ဇနီးသည်၏ လက်မောင်း၊ နောက်ကျောဘက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည့် ကလေးမြို့ တောင်ဖီလာတောင်ကုန်းပေါ်တွင် တပ်စွဲထားကြပြီး ထိုနေရာမှတဆင့် လက်နက်ကြီးနှင့် လှမ်းပစ်ကြောင်း ယူဆရသည်။

ထို့အပြင် နေ့လယ်ပိုင်း ၂ နာရီလောက်တွင် မြို့လှရပ်ကွက်အကျော် စက္ကန့်ကျေးရွာတွင် အသုဘအိမ်သို့ရောက်ရှိနေကြသော ဒေသခံရွာသား အယောက် ၅၀ ခန့်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်ကလည်း ကလေးမြို့ စန်းမြို့ရပ်ကွက်ရဲစခန်းအနီးတွင် ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ထပ်မံ ထွက်ပေါ်ခဲ့ပြီး အသေးစိတ်အခြေနေကိုမူ မသိရသေးပေ။

ကလေးမြို့တွင် ဧပြီလ ၇ ရက်နေ့ကစ၍ နေ့စဉ်ဆက်တိုက် မြို့တွင်းစစ်ဆင်တိုက်ခိုက်မှုများဖြစ်ပွားလျှက်ရှိကာ စစ်ကောင်စီ ဘက်ကလည်း လုံခြုံရေးတင်းကြပ်ထားသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...