တောင်ကြီးမြို့ ဝင်/ထွက် ဂိတ်များ စစ်ဆေး တင်းကြပ်နေ

တောင်ကြီးမြို့ ဝင်/ထွက် ဂိတ်များ စစ်ဆေး တင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အဝင်အထွက်တွင် ယခုရက်ပိုင်း စစ်ကောင်စီလက်အောက်ခံ တပ်သားများသည် ခရီးသွားပြည်သူများ၏ ကားများ၊ ဆိုင်ကယ်များကို စစ်ဆေးမေးမြန်းမှု ပိုမိုတင်းကြပ်လာကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ‌ တောင်ကြီးမြို့ဝင် မြို့ထွက်များဖြစ်သည့် တောင်ကြီး (၄)မိုင် ဂိတ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသွား ကားများကို ပုံမှန်စစ်သော်လည်း သင်္ကြန် ကျင်းပရန် ရက်နီးလာသည့်အတွက် စစ်ဆေးမေးမြန်းမှု ပိုမို တင်းကြပ်လာကြောင်း ခရီးသွားတစ်ဦးက ပြောသည်။

“ပုံမှန်တော့ စစ်နေတယ်။ သင်္ကြန်ရှေ့ ပိုပြီးတော့ စစ်ဆေးမေးမြန်းတာ ပိုကြမ်းတယ်။ ဆိုင်ကယ်ဆို ဆိုင်ကယ် တူးဘောက်တွေ စစ်တာ။ လူငယ်‌တွေကို ပိုပြီးတော့ အဓိကထား စစ်တာတွေ့ရတယ်။ ဖုန်းထဲက VPN တွေ စစ်တယ်။ ကားတွေဆို မြို့ထဲဝင်ဖို့ တန်းစီပြီး စောင့်နေရတာ အများကြီးပဲ” ဟု တာချီလိတ် - တောင်ကြီး လိုင်းကားမောင်းသူ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ယခုလို စစ်ဆေးမေးမြန်းမှု တင်းကြပ်သောကြောင့် ခရီးသွားလာမှု ကြန့်ကြာမှုရှိကြောင်း ခရီးသွား ပြည်သူတစ်ဦးက ပြောသည်။

“တောင်ကြီးအဝင် ဂိတ်မှာ ယာဉ်လိုင်စင်တွေ၊ မှတ်ပုံတင်တွေ ကိုဗစ် ကာကွယ်ဆေး လက်မှတ်တွေ အရမ်းစစ်တယ်။ အရမ်းလည်း ရစ်တယ်။ လူကိုအော်လိုက်ငေါက်လိုက်နဲ့ပဲ။ သူတို့ တောင်းကြည့်တာ အစုံမပါရင် ငွေတောင်းတယ်။ ကျမတို့က အစုံရှိထားတော့ မပေးလိုက်ရဘူး” ဟု ခရီးသွား အမျိုးသမီးတစ်ဦးက ပြောသည်။

သင်္ကြန်ကာလအတွင်း ပြည်သူများ စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် သင်္ကြန် မပါဝင်ရန်အတွက် NUG အစိုးရမှလည်း တိုက်တွန်းထားမှုရှိကြောင်း သိရှိရသည်။

“အများစုတော့မလည်ရဲဘူး၊ ဗုံးပေါက်မှာစိုးလို့ပြောကြတယ်။ ကျနော်တို့ လည်ဖို့ မစဉ်းစားထားဘူး ကြောက်တယ်။ တစ်ခုခုဖြစ်ရင် ဘယ်သူမှ လုံခြုံရေးမယူပေးနိုင်ဘူး” ဟု တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက် မြို့ဝင်မြို့ထွက်များတွင် လူငယ်များကို အဓိကထားပြီး စစ်ဆေး မေးမြန်းမှုရှိခြင်း၊ စစ်ကောင်စီကို ဆန့်ကျင် ရေးသားထားသော အသုံးအနှုန်းများရှိလျှင် ဖမ်းဆီးမှုရှိခြင်း၊ မှတ်ပုံတင် စစ်ဆေးခြင်းများကို စစ်ကောင်စီလက်အောက်ခံ တပ်သားများက စစ်ဆေးကြကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...