ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦး ပစ်သတ်ခံရ

ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦး ပစ်သတ်ခံရ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ပြည်ခိုင်ဖြိုးပါတီဝင် အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးပစ်သတ်ခံရသည်။

လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာတွင် စစ်ကောင်စီ သတင်းပေး ဒလန် ဟု ဆိုသူ အသက် ၆၀ အရွယ် အမျိုး သားတစ်ဦး ဧပြီလ ၈ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်ခန့်က သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ရွာသား များက ပြောသည်။

အသက် ၄၀ အရွယ် ရွာသားတစ်ဦးက “သေနတ်သံ လေးငါးချက် ဆက်တိုက်ကြားရတယ်။ မေးအောက်နဲ့ ရင်ဘတ်တွေကို ထိသွားတာ” ဟု ပြောသည်။

အပစ်ခံခဲ့ရသူမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က ပါတီဝင် ဦးအောင်စိန် ဆိုသူဖြစ်ပြီး နေအိမ်အရှေ့ တွင် လမ်းလျှောက်နေစဉ် လူလေးဦးက ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်း ဖြစ်သည်။

ဦးအောင်စိန်သည် သေနတ်ပစ်ခံရသည့်နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဂေ့ါအင်းကျေးရွာသားများ က ပြောသည်။

သေဆုံးသူ ဦးအောင်စိန်သည် USDP ပါတီဝင်တစ်ဦးဖြစ်ကာ ယခင်ကလည်း သူ့၏နေအိမ်ကို သေနတ်ဖြင့် ပစ် ခတ်ခံရမှုမျိုးရှိခဲ့သည်ဟု သိရသည်။

ဦးအောင်စိန်သည် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြမှု သပိတ်လှုပ်ရှားမှုများတွင် ပါဝင်သည့် လူငယ်များနှင့် ပတ် သက်၍ စစ်ကောင်စီတပ်ဖွဲ့အား သတင်းပေး လမ်းပြပေးသူတစ်ဦးဖြစ်သည်ဟု ရွာသားများကပြောသည်။

ဧပြီလ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဦးအောင်စိန် ပစ်ခတ်ခံရမှုကို ဒေသခံ လောင်းလုံး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (LLPDF)က ၎င်းတို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဧပြီ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် သတင်းထုတ်ပြန် ထား သည်။

၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ဦးအောင်စိန် ပစ်ခတ်ခံရမှုသည် ကျေးရွာနေပြည်သူ များနှင့် (လုံးဝ) မသက်ဆိုင် ကြောင်းကိုလည်း ရေးသားဖေါ်ပြထားသည်။

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...