မှတ်ပုံတင်ပြုလုပ်ဆဲဖြစ်နေသူများ ခရီးသွားရန် ခက်ခဲနေဆဲ

မှတ်ပုံတင်ပြုလုပ်ဆဲဖြစ်နေသူများ ခရီးသွားရန် ခက်ခဲနေဆဲ

သျှမ်းပြည်အတွင်း မှတ်ပုံတင်ပြုလုပ်ဆဲဖြစ်သူများ မှတ်ပုံတင်မရရှိသေးသောကြောင့် ခရီးသွားလာရန် ခက်ခဲမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

ဧပြီလကစပြီး ခရီးသွားလာသူများအနေဖြင့် မှတ်ပုံတင် စစ်ဆေးခံနေရပြီး မပါရှိလျှင် ငွေတောင်းယူမှု များလည်းရှိသည့်အတွက်ကြောင့် မှတ်ပုံတင်မရှိသူများအတွက် ခက်ခဲနေကြောင်း သိရသည်။

“မှတ်ပုံတင်က သွားလုပ်ထားတယ်။ အခုထိ မှတ်ပုံတင်မရသေးဘူး။ ခရီးသွားတော့လည်း မှတ်ပုံတင်မပါရင် မရဘူးတဲ့။ မှတ်ပုံတင်မပါရင် ပိုက်ဆံကပေးရသေးတယ်။ သွားရလာရတာလည်း အဆင်မပြေဘူး။ တစ်မြို့နဲ့ တစ်မြို့ကလည်း သွားဖို့လည်း လိုနေတယ်” ဟု လားရှိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက ခရီးသည်များထံ မှတ်ပုံတင်စစ်ဆေးသည့်အပြင် လက်ဖက်ရည်ဖိုး အနေဖြင့် ငွေကြေးတောင်းယူမှု များလည်း ရှိနေကြောင်း သိရသည်။

“ကျနော်က ခရီး ခဏခဏသွားတယ်။ မှတ်ပုံတင်ကို ဂိတ်တိုင်းစစ်တယ်။ စစ်ပြီးတော့ လက်ဖက်ရည်ဖိုးဆိုပြီးတော့ ပိုက်ဆံက တောင်းသေးတယ်။ မှတ်ပုံတင်ပါလည်းတောင်းတယ်” ဟု သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ခရီးသည်များမှ မှတ်ပုံတင်မပါရှိလျှင် ကျပ်ငွေ ၁ သောင်း ပေးဆောင်ရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော် ဒီသျှမ်းပြည်အရှေ့ဘက်လာတာ။ ဂိတ်တိုင်းမှာ မှတ်ပုံတင်လည်းစစ်တယ်။ မိုင်းပျဉ်းမြို့အဝင်ဂိတ်မှာဆိုရင် မှတ်ပုံတင်မပါရင် ပိုက်ဆံ ၁ သောင်းပေးပြီးမှ လာရတာ” ဟု သျှမ်းပြည်အတွင်းသွားလာနေသည့် ခရီးသည် အမျိုးသားတစ်ဦးက ပြောသည်။

ဧပြီလက စပြီး စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများနှင့် အတူ ရဲ၊ စစ်သားများက မြို့ဝင်မြို့ထွက်တွင် မှတ်ပုံတင်များကို စောင့်ကြည့်စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...