Published
Friday, April 08, 2022
ကလေးမြို့တွင်းတိုက်ပွဲအကြား ဘေးတွဲဆိုင်ကယ်သမားတစ်ဦး သေဆုံး
ကလေးမြို့ လှိုင်သာယာ ရပ်ကွက်အတွင်း ကလေးဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့၀င်တို့အကြား မတ်လ ၇ ရက် နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာ အသက် ၅၀ အရွယ် ဘေးတွဲဆိုင်ကယ်သမား အမျိုးသားတစ်ဦးသေဆုံးပြီး မနက်ပိုင်းမှ ညအချိန်အထိ ပစ်ခတ်သံများကြားနေရကြောင်း ဒေသခံများထံမှသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့တွင် ဧပြီလ (၇)ရက်နေ့ မွန်းလွဲပိုင်းမှစ၍ မတ်လ ၇ ရက် ည ၇ နာရီဝန်းကျင်အထိ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရဆဲဖြစ်သည်။
ယမန်နေ့ ဧပြီလ (၇)ရက်နေ့သည် တာဟန်းခံတပ်ဖြိုခွင်းခံရသည့် တစ်နှစ်ပြည့်နေ့ ဖြစ်သောကြောင့် စစ်ကောင်စီတပ်များသည် ယခင်နေ့များထက် လုံခြုံရေးပိုမိုတင်းကြပ် ထားကြောင်းသိရသည်။







