တီးတိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

တီးတိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

ချင်းပြည်နယ် တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ၁ ဦး မြို့မစျေးအနားတွင် ရှိနေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ပစ်သတ်ခဲ့ခြင်းကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

တီးတိန်မြို့ ဒေသခံတစ်ဦးက "မြို့မစျေးနားက လဖက်ရည်ဆိုင်မှာ ဒီနေ့ ညနေပိုင်းလောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားတယ်လို့ သိရတယ်"ဟု ပြောသည်။

အပစ်ခံရသည့် အုပ်ချုပ်ရေးမှူးကို ဆေးရုံကားဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားပြီဟု ဒေသခံများထံက သိရသည်။

သေဆုံးသွားသည့် တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှုးဦးကြည်မင်းထွန်းသည် အသက် (၃၅ )နှစ်ဝန်းကျင်အရွယ်သာ ရှိသေးသူ တစ်ဦးဖြစ်ပြီး တီးတိန်မြို့ကို ရာထူးတိုးဖြစ် ရောက်ရှိလာသည်မှာ ၁ နှစ်ဝန်းကျင်သာ ရှိသေးကြောင်း သိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုတွင်မပါဝင်သည့် ဝန်ထမ်းများကို  စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်အောင် လုပ်ဆောင် သူများအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ခံရမှုမျိုး များပြားလာခဲ့ပါသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...