ဇွဲကပင်တောင် လူသေဆုံးမှုတွင် ထွက်ပြေးတိမ်းရှောင်သည့် အမျိုးသားကို KNU/KNLA/PC တပ်ဖွဲ့ဝင်များက ဖမ်းမိ

ဇွဲကပင်တောင် လူသေဆုံးမှုတွင် ထွက်ပြေးတိမ်းရှောင်သည့် အမျိုးသားကို KNU/KNLA/PC တပ်ဖွဲ့ဝင်များက ဖမ်းမိ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင်တက်လမ်းတွင် အမျိုးသမီးငယ်သေဆုံးမှုနှင့် ပတ်သတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အဖော်အမျိုးသားကို ကေအန်ယူ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ( KNU/KNLA/PC) တပ်ဖွဲ့ဝင်များကဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

ဧပြီ ၂ ရက် ည ၉ နာရီခွဲခန့်က ကြာအင်းဆိပ်ကြီးမြို့နယ်တွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဘားအံမြို့နယ်၊ ထုံးအိုင်နယ်မြေရဲစခန်းကို လွှဲပြောင်းပေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အခုတော့ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိထားတယ်။ ဖမ်းမိတာကတော့ KNU/KNLA/PC က မိတာပေါ့။ ပြီးမှ ပြန်လွှဲပေးတယ်တယ်လို့ သိထားတယ်”ဟု ၄င်းက ပြောသည်။

လတ်တလောတွင် ထုံးအိုင်နယ်မြေနယ်စခန်း၌ အလောင်းစစ်ဆေးမှုဆေးစာအရ လူသတ်ပုဒ်မ ၃၀၂ ဖြင့်သာ အမှုဖွင့်ထားကြောင်း နယ်မြေရဲစခန်းမှ သိရသည်။

ဖမ်းဆီးရမိသည် အမျိုးသားသည် ဘားအံမြို့နယ်၊ နွားခြံကုန်းကျေးရွာတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

ဇွဲကပင်တောင်ပေါ်တွင် သေဆုံးခဲ့သည့်အသက် (၂၂) နှစ်အရွယ်အမျိုးသမီးမှာ ဘားအံမြို့နယ်၊ ဖားကပ်ကျေးရွာအုပ်စု၊ တောကြီးကုန်းကျေးရွာတွင် နေထိုင်သည်သူ ဖြစ်သည်။

ဖြစ်စဉ်မှာ ဇွဲကပင်တောင်ပေါ်သို့ မတ်လ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲ ခန့်က အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး ဇွဲကပင်တောင်ပေါ်သို့တက်သွားပြီး မွန်းလွဲ ၃ နာရီခန့်တွင် အမျိုးသား တစ်ဦးတည်းသာပြန်ဆင်းလာပြီး အမျိုးသမီးမှာ ပြန်မပါလာကြောင်း ဂေါပက အဖွဲ့ဝင်ထံက သိရသည်။

“သူ တစ်ယောက်ထဲ ဆင်းလာလို့ မေးလိုက်တယ်။ သွားတုန်းက နှစ်ယောက်ဆိုတော့ အဲဒါ နောက်ကလိုက်လာတယ်ပြောတယ်။ ပြီးတော့ မောင်းထွက်သွားတာပဲ”ဟု ၎င်းက ပြောသည်။

ပျောက်ဆုံးနေသည် အမျိုးသမီးအား မတ်လ ၃၁ ရက် နံနက်ပိုင်းက စတင်ကာ ဘားအံခရိုင်မှ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးအဖွဲ့များ နှင့် ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များပူး‌ပေါင်း  ရှာဖွေခဲ့ကြသည်။

ဧပြီလ (၁) ရက် နံနက်ပိုင်းတွင် ပျောက်ဆုံးနေသည့် အမျိုးသမီး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဦးခေါင်းဒဏ်ရာ နှင့်ခန္ဓာကိုယ် တစ်ချို့တွင် ညိုမဲဒဏ်ရာများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...