မတ္တရာတွင် သတင်းပေးဆိုသူ ဘုန်းကြီးတစ်ပါး အသတ်ခံရ

မတ္တရာတွင် သတင်းပေးဆိုသူ ဘုန်းကြီးတစ်ပါး အသတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧပြီလ ၃ ရက်နေ့က တောင်ကန်အုပ်စု၊ ကင်းရွာတွင် စစ်ကောင်စီသတင်းပေးဆိုသူ ဘုန်းကြီးတစ်ပါး အသတ်ခံလိုက်သည်ဟု ဒေသခံများက ပြောသည်။

ဧပြီလ ၃ ရက်နေ့၊ နံနက် ၆ နာရီ အချိန်ခန့်က ကင်းရွာ၊ တောင်ကျောင်း(လွင်ဦးကျောင်း)တွင် သီတင်းသုံးနေသည့် ပျူစောထီးခေါင်းဆောင်၊ စစ်ကောင်စီသတင်းပေးဟု လူသိများသော ဆရာတော် ဦးသုစိတ္တ သေနတ်ဖြင့် ပစ် သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

အသက် ၅၀ အရွယ် ကင်းရွာသား တစ်ဦး က “အဲ့ဘုန်းကြီးက မိန်းမအရှုပ်ရှင်းရှိတယ်။ ကျောင်းထိုင်နေရာကိစ္စ နဲ့ ပြင်ဦးလွင်မှာ အမှုရင်ဆိုင်နေရတာ။ စစ်ကောင်စီနဲ့ ပေါင်းပြီးရွာကို အမျိုးမျိုးဒုက္ခပေးနေတာ” ဟု ပြောသည်။

အဆိုပါဘုန်းကြီး အသတ်ခံရသည့်ကိစ္စမှာ မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကိုလည်း မသိရသေးဘူးဟု ကင်ရွာသားများက ပြောသည်။

စစ်ကောင်စီသတင်းပေး ဒလန်ဟု နာမည်ကြီးသည့် အဆိုပါ ဘုန်းကြီး အသတ်ခံခဲ့ရသည့်အပြင် ဧပြီလ ၃ ရက် နေ့၊ ညနေပိုင်း ၄ နာရီကျော် အချိန်ခန့်တွင်လည်း မတ္တရာမြို့နယ်၊ တောင်ကန်အုပ်စုဘက်ကို စစ်ကြောင်းထိုး လာ သည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးပြီး ၁၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် က သတင်းထုတ်ပြန်ထားသည်။

မတ္တရာအရှေ့ပိုင်းနယ်ဘက်ကို နယ်မြေရှင်းလင်းရေးအဖြစ် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်သားအင်အား အယောက် ၃၀ ခန့်ပါသည့် စစ်ကြောင်းကို မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကင်းကျေးရွာ အရှေ့မြောက်ဘက်ရှိ နဂါးပတ်တောင်အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မတ္တရာမြို့နယ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကင်းရွာဘုန်းကြီး အသတ်ခံရခြင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမှ ပြုလုပ်ခြင်းမဟုတ်ဘဲ မည်သည့် လက်နက်ကိုင် အဖွဲ့ဟု မသိသေးဟုလည်း ထည့်သွင်းထုတ်ပြန်ထားသည်။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...