စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့ဟု CDF (kalay- Kabaw- Gangaw) သတင်းထုတ်ပြန်

စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့ဟု CDF (kalay- Kabaw- Gangaw) သတင်းထုတ်ပြန်

စစ်ကိုင်းတိုင်း ကလေးမြို့နယ် အောင်သာယာကျေးရွာနှင့်မှန်တောကျေးရွာကြားတွင် ဧပြီ (၂) ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်သား၊ပျူစောထီးများနှင့် CDF (kalay- Kabaw- Gangaw)တို့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ၊စစ်ကောင်စီတပ်များက ပြည်သူများ၏အဖိုးတန်ပစ္စည်းများ ခိုးယူသယ်ဆောင်ခဲ့ကြကြောင်း CDF (kalay- Kabaw- Gangaw)မှ သတင်းထုတ်ပြန်ထားကြောင်းသိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကလေးမြို့နယ်ကြံသာကျေးရွာမှ စစ်ကောင်စီနှင့်ပျူစောထီး အဖွဲ့များသည် အိမ်စီးကားနှင့် ဖောကားစုစုပေါင်း(၁၀)စီးကျော်၊ခြေလျင်အင်အား (၅၀)ကျော်တို့ဖြင့် မှန်တောရွာဘက်သို့ ယနေ့နံနက်(၇)နာရီခန့်တွင်ချီတက်လာရာ အောင်သာယာရွာနှင့်မှန်တောရွာ အကြားတွင် မိမိတို့ CDF (kalay- Kabaw- Gangaw) တပ်ဖွဲ့ဝင်များနှင့်ထိတွေ့မှုရှိခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်များကလက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြသည်။

ဆက်လက်ပြီး ထိုသို့ စစ်ကောင်စီမှရမ်းသမ်းပစ်ခတ်မှုကြောင့် အောင်မင်္ဂလာရွာ အတွင်းသို့ လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲသဖြင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိမိတို့ CDF (kalay- Kabaw- Gangaw)အဖွဲ့အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ကြံသာရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများက အောင်သာယာရွာနှင့်မှန်တောရွာအတွင်းသို့ မကြာခဏဝင်ရောက်ကာ ဒေသခံအပြစ်မဲ့ပြည်သူများကိုဖမ်းဆီးရိုက်နှက်ခြင်း၊ အဖိုးတန်ပစ္စည်းများ၊ မော်တော်ယာဉ်များ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် သိုလှောင်ထားရှိသည့် ဆန်၊စပါးတို့ကို ခိုးယူကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...