မတူပီအခြေစိုက် ခလရ (၃၀၄)တပ်ရင်းနှင့် CDF- Matupi အဖွဲ့တို့ကြားတိုက်ပွဲပြင်းထန်

မတူပီအခြေစိုက် ခလရ (၃၀၄)တပ်ရင်းနှင့် CDF- Matupi အဖွဲ့တို့ကြားတိုက်ပွဲပြင်းထန်

ချင်းပြည်နယ် မတူပီသို့ ကျောက်ထုမှ စစ်အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီ ယာဉ်တန်းများကိုဆင်းကြိုသော မတူပီအခြေစိုက် ခလရ (၃၀၄)တပ်ရင်းနှင့် Chinland Defense Force Matupi တို့ ယနေ့ မတ်လ ၃၁ ရက်နံနက်ပိုင်းက မင်းတပ်-မတူပီလမ်းမပေါ်ရှိ ချန်းပြန်းရွာသစ်နှင့်ရွာဟောင်းကြား မိုင်တိုင်(၉၀-၉၅)တွင် တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။

 အဆိုပါ တိုက်ပွဲသတင်းနှင့်ပတ်သက်၍ နောက်ဆက်တွဲဖြစ်စဉ်များကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ဆုတောင်းခြင်းဖြင့် ကူညီကြပါရန်  Chinland Defense Force Matupi မှတိုက်တွန်းထားကြောင်းသိရသည်။

မင်းတပ်-မတူပီလမ်းမပေါ်တွင် မတ်လ (၂၉)ရက်နေ့ကလည်း ကျောက်ထုမှမတူပီသို့ စစ်အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီယာဉ်တန်းအား CDF-Mindat အဖွဲ့ကကြားဖြတ်တိုက်ခတ်ရာ စစ်ကောင်စီတပ်သား(၁၅)ဦးသေဆုံးခဲ့ကြောင်းသိရသည်။

လက်ရှိတိုက်ပွဲများကြောင့် မင်းတပ်-မတူပီလမ်းမကြားတွင်နေထိုင်သည့် ကျေးရွာအချို့ ထွက်ပြေးတိမ်းရှောင်နေရပြီး မင်းတပ်-မတူပီလမ်းမ ကြီးကိုလည်း တိုက်ပွဲများကြောင့်မတ်လ ၁၉ ရက်နေ့မှ စတင်ပြီး ခေတ္တပိတ်ထားကြောင်း CDF - Mindat ကထုတ်ပြန်ထားသည်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...