မတူပီအခြေစိုက် ခလရ (၃၀၄)တပ်ရင်းနှင့် CDF- Matupi အဖွဲ့တို့ကြားတိုက်ပွဲပြင်းထန်

မတူပီအခြေစိုက် ခလရ (၃၀၄)တပ်ရင်းနှင့် CDF- Matupi အဖွဲ့တို့ကြားတိုက်ပွဲပြင်းထန်

ချင်းပြည်နယ် မတူပီသို့ ကျောက်ထုမှ စစ်အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီ ယာဉ်တန်းများကိုဆင်းကြိုသော မတူပီအခြေစိုက် ခလရ (၃၀၄)တပ်ရင်းနှင့် Chinland Defense Force Matupi တို့ ယနေ့ မတ်လ ၃၁ ရက်နံနက်ပိုင်းက မင်းတပ်-မတူပီလမ်းမပေါ်ရှိ ချန်းပြန်းရွာသစ်နှင့်ရွာဟောင်းကြား မိုင်တိုင်(၉၀-၉၅)တွင် တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။

 အဆိုပါ တိုက်ပွဲသတင်းနှင့်ပတ်သက်၍ နောက်ဆက်တွဲဖြစ်စဉ်များကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ဆုတောင်းခြင်းဖြင့် ကူညီကြပါရန်  Chinland Defense Force Matupi မှတိုက်တွန်းထားကြောင်းသိရသည်။

မင်းတပ်-မတူပီလမ်းမပေါ်တွင် မတ်လ (၂၉)ရက်နေ့ကလည်း ကျောက်ထုမှမတူပီသို့ စစ်အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီယာဉ်တန်းအား CDF-Mindat အဖွဲ့ကကြားဖြတ်တိုက်ခတ်ရာ စစ်ကောင်စီတပ်သား(၁၅)ဦးသေဆုံးခဲ့ကြောင်းသိရသည်။

လက်ရှိတိုက်ပွဲများကြောင့် မင်းတပ်-မတူပီလမ်းမကြားတွင်နေထိုင်သည့် ကျေးရွာအချို့ ထွက်ပြေးတိမ်းရှောင်နေရပြီး မင်းတပ်-မတူပီလမ်းမ ကြီးကိုလည်း တိုက်ပွဲများကြောင့်မတ်လ ၁၉ ရက်နေ့မှ စတင်ပြီး ခေတ္တပိတ်ထားကြောင်း CDF - Mindat ကထုတ်ပြန်ထားသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...