မတ်လ ၃၁ ရက်နေ့ တိုက်ပွဲတွင် CDF မတူပီရဲ‌ဘော်၂ ဦး ကျဆုံးကြောင်း CDF-မတူပီအဖွဲ့မှသတင်းထုတ်ပြန်

မတ်လ ၃၁ ရက်နေ့ တိုက်ပွဲတွင် CDF မတူပီရဲ‌ဘော်၂ ဦး ကျဆုံးကြောင်း CDF-မတူပီအဖွဲ့မှသတင်းထုတ်ပြန်

မတူပီမြို့နယ်တွင် မတ်လ ၃၁ ရက်နေ့၊ မနက်ပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးကြောင်း၊ CDF မတူပီမှရဲ‌ဘော်၂ ဦးသည် ရှေ့တန်းတိုက်ပွဲတွင် မိုင်းထိပြီး ကျဆုံးကြောင်း မတူပီဒေသတွင်းမီဒီယာများတွင် CDF-မတူပီမှသတင်းထုတ်ပြန်ထားသည်။

မုံရွာမှ မတူပီသို့ စစ်အင်အားဖြည့်တင်းရန် တက်လာသော စစ်ကောင်စီတပ်ဖွဲ့အား ဆင်းကြိုသော မတူပီအခြေစိုက်ခလရ(၃၀၄) စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် CDF-Matupi တို့ ခြန်းပြန်းရွာသစ်နှင့်ရွာဟောင်းကြားတွင် မတ်လ ၃၁ ရက်နေ့၊ မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၁၆)ယောက် သေဆုံးကြောင်းနှင့် ရှေ့တန်းတိုက်ပွဲတွင် CDF မတူပီမှ ရဲဘော် ၂ ဦးသည် မိုင်းထိပြီး ကျဆုံးသွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ပွဲသည် စစ်ကောင်စီစစ်တပ်နှင့် CDF မတူပီတို့သည် မတ်လ ၃၁ ရက်နေ့ မနက်ပိုင်း ၇:၂၅ မိနစ်တွင် တစ်ကြိမ်၊ ၉:၁၀ မိနစ်တွင် တစ်ကြိမ် အပြင်းအထန် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟုသတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...