မတူပီမြို့နယ်တွင် မတ်လ ၃၁ ရက်နေ့၊ မနက်ပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးကြောင်း၊ CDF မတူပီမှရဲဘော်၂ ဦးသည် ရှေ့တန်းတိုက်ပွဲတွင် မိုင်းထိပြီး ကျဆုံးကြောင်း မတူပီဒေသတွင်းမီဒီယာများတွင် CDF-မတူပီမှသတင်းထုတ်ပြန်ထားသည်။
မုံရွာမှ မတူပီသို့ စစ်အင်အားဖြည့်တင်းရန် တက်လာသော စစ်ကောင်စီတပ်ဖွဲ့အား ဆင်းကြိုသော မတူပီအခြေစိုက်ခလရ(၃၀၄) စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် CDF-Matupi တို့ ခြန်းပြန်းရွာသစ်နှင့်ရွာဟောင်းကြားတွင် မတ်လ ၃၁ ရက်နေ့၊ မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၁၆)ယောက် သေဆုံးကြောင်းနှင့် ရှေ့တန်းတိုက်ပွဲတွင် CDF မတူပီမှ ရဲဘော် ၂ ဦးသည် မိုင်းထိပြီး ကျဆုံးသွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတိုက်ပွဲသည် စစ်ကောင်စီစစ်တပ်နှင့် CDF မတူပီတို့သည် မတ်လ ၃၁ ရက်နေ့ မနက်ပိုင်း ၇:၂၅ မိနစ်တွင် တစ်ကြိမ်၊ ၉:၁၀ မိနစ်တွင် တစ်ကြိမ် အပြင်းအထန် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟုသတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။







