ထားဝယ်တွင် အုပ်ချုပ်ရေးမှူး ဟောင်းတစ်ဦး ပစ်သတ်ခံရ

ထားဝယ်တွင် အုပ်ချုပ်ရေးမှူး ဟောင်းတစ်ဦး ပစ်သတ်ခံရ

ထားဝယ်တွင် အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး အသတ်ခံရလိုက်ရသည်ဟု ဒေသခံရွာသားများက ပြောသည်။

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ ဦးသန်းရွှေဦးဆောင်သည့် စစ်အစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမှူး အဖြစ်လုပ်ခဲ့သူ ဦးကိုဝင်း အသက် ၅၅ နှစ်သည် မတ်လ၂၉ ရက်နေ့၊ ညနေ ၄ နာရီခွဲ အချိန်ခန့်က သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု ရွာသားများကပြောသည်။

“သေနတ်သံက လေးချက်ကြားရတယ်။ လက်မောင်း၊ ဝမ်းဗိုက်နဲ့ နောက်ကျောဘက်တွေကို မှန်တာ။ စစ်ဆေးရုံ ကို ပို့တာ ဆေးရုံမှာဆုံးသွားတယ်” ဟု အသက် ၄၀ အရွယ် ရွာသားတစ်ဦးက ပြောသည်။

နေအိမ်တွင်ရှိနေသည့် ဦးကိုဝင်းကို အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ဆိုသည်။

ယခုပစ်သတ်ခံလိုက်ရသည့် စစ်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးဟောင်း ဦးကိုဝင်းသည် ယခင် ဦးသန်းရွှေ စစ်အစိုးရ လက်ထက်က ထားဝယ်ခရိုင် ၄ မြို့နယ် ပျူစောထီးခေါင်းဆောင်ဟောင်း ဦးငွေဝင်းနဲ့  ညီတော်စပ်သူ လည်း ဖြစ်သည်ဟု သိရသည်။ ပျူစောထီးအဖွဲ့ဆိုသည်မှာ ယခုမှ ပေါ်ပေါက်လာသည့် အဖွဲ့အစည်းမဟုတ်ပဲ ဝန်ကြီးချုပ် ဦးနုလက်ထက်ကတည်းက ဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

ဦးကိုဝင်းသည် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှ စတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း သွားလာကာ စစ်ကောင်စီ သတင်းပေး ဒလန် တစ်ဦးဖြစ်လာသည်ဟု  ရွာသားများက ပြောသည်။

ဦးကိုဝင်း ပစ်ခတ်ခံရမှုကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Dawei Tiger Force (DTF) တပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း ယင်းအဖွဲ့က အခင်းဖြစ် ညပိုင်း မှာပင် သတင်းထုတ်ပြန်ထားသည်။

မောင်မယ်ရှောင်ကျေးရွာသည် ထားဝယ်မြို့မှသုံးမိုင်ခန့်အကွာတွင် တည်ရှိသည်။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...