ကျောက်မဲ စည်ပင်ရုံး အနီး ဗုံးပေါက်ကွဲ

ကျောက်မဲ စည်ပင်ရုံး အနီး ဗုံးပေါက်ကွဲ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ စည်ပင်သာယာရေးရုံးအနီး မတ် ၂၉ ရက် ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

“ပေါက်ကွဲတာ ဟုတ်တယ်၊ ထိခိုက်မှု ရှိလားတော့ မသိရဘူး၊ ညနေ ၄ ခွဲ ဝန်းကျင်လောက်မှာ ဖြစ်သွားတာ၊ ရုံးနား ဗုံးလာပစ်သွားတာလို့ ကြားတယ်၊ အဲ့နားမှာ မင်္ဂလာစျေးလည်း ရှိတယ်” ဟု ကျောက်မဲ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စည်ပင်ရုံးအနီး ပေါက်ကွဲမှု ဖြစ်ပြီးနောက် လမ်းသွားလမ်းလာများ သိသိသာသာ လျော့နည်းသွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကျောက်မဲစည်ပင်ရုံးသည် ‌ဒေသခံများထံမှ အခွန်အခ ကောက်ယူမှု များသည့်အတွက် ပထမဆုံးအကြိမ် သတိပေး ဖောက်ခွဲခြင်းဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်မဲ)မှ ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း ကျောက်မဲမြို့နယ် ပညာရေးရုံး အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...