သေနတ်ပြီးတယ် ဆိုသူ ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရ

သေနတ်ပြီးတယ် ဆိုသူ ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရ

ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ပျူစောထီးခေါင်းဆောင် တစ်ဦး ပစ်ခတ်ခံလိုက်ရသည်ဟု ရွာသားများက ပြောသည်။

ပျူစောထီးခေါင်းဆောင် အသက် ၄၀ အရွယ် ကိုဇော် ဆိုသူ မတ်လ ၂၈ ရက်နေ့၊ နံနက် ၆ နာရီ ခွဲ အချိန်ခန့်တွင် ပန်းဒလဲကျေးရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

“သူက အခံရှိတယ်။ သေနတ်ပြီးတယ် မသေနိုင်ဘူး ဆိုပြီး ရွာထဲမှာ ကြုံးဝါးလေ့ရှိတယ်။ မြေတွေသိမ်းပြီး အကွက် ရိုက်ပြန်ရောင်းတာတွေ လောင်းကစားဝိုင်းတွေကို သူဦးဆောင်ပြီး ထောင်တာတို့လဲ လုပ်တတ်တယ်” ဟု အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။

ကိုဇော်ဆိုသူသည် ဇနီးဖြစ်သူနှင့် လောင်းလုံမြို့နယ်၊ အင်းဇော်ကျေးရွာဘက်မှ ဆိုင်ကယ်မောင်းလာစဥ် နေအိမ် အနီး လမ်းခွဲအရောက်တွင် သေနတ်ဖြင့် အပစ်ခံခဲ့ရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု အဆိုပါ ရွာ သားတစ်ဦးက ဆက် ပြောသည်။

ပျူစောထီးခေါင်းဆောင်၏ အလောင်းအား အရေးပေါ်လူနာတင်ယာဥ်ဖြင့် ထားဝယ်တပ်နယ် ဆေးရုံသို့ သယ် ဆောင်သွားခဲ့သည်ဟု ပန်းဒလဲရွာသား တစ်ဦးက ပြောသည်။

ပျူစောထီးခေါင်းဆောင်ဆိုသူ ကိုဇော်သည် ယခင်ကလည်း ၅ ကြိမ် ထက်မနည်း မိုင်းဆွဲခံရဖူးသူ ဖြစ်ပြီး (မဘသ) အဖွဲ့တွင်လည်း အရေးပါသူတစ်ဦးဖြစ်ကာ ပန်းသုံးဝဘုန်းကြီး၏ တပည့်အရင်းဖြစ်သည်ဟု ရွာသားများ က ပြော သည်။

ထို့အပြင် ပစ်ခတ်မှုကို လောင်းလုံးPDF (LPDF)၊ ထားဝယ် (DDT) တပ်ခွဲ ၃ နှင့် နယ်မြေခံ ပျောက်ကျား အင်အား စုတို့က ပူးပေါင်းပြီး သုတ်သင်ခဲ့ခြင်း ဖြစ်ကြောင်း ထိုကိစ္စသည် ကျေးရွာနေ ပြည်သူများနှင့် မသက်ဆိုင်ကြောင်း  မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...