NLD ပါတီ အမတ် ဒေါ်နွယ်နွယ်အောင်၏ ကျန်းမာရေး အာမခံ လျှောက်ထားမှု ပယ်ချခံရ

NLD ပါတီ အမတ် ဒေါ်နွယ်နွယ်အောင်၏ ကျန်းမာရေး အာမခံ လျှောက်ထားမှု ပယ်ချခံရ

မော်လမြိုင် NLD ပါတီ အမတ် ဒေါ်နွယ်နွယ်အောင်၏ ကျန်းမာရေး အာမခံလျှောက်ထားမှု ပယ်ချခံရကြောင်း သိရသည်။

ဒေါ်နွယ်နွယ်အောင်သည် နှလုံးရောဂါ ခံစားနေရသောကြောင့် ပြီးခဲ့သည့် ရုံးချိန်းတွင် ၎င်း၏ ရှေ့နေ့အဖွဲ့မှ ကျန်းမာရေးအာမခံ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

မတ်လ ၂၉ရက် ရုံးချိန်းမှာတော့ အာမခံလျှောက်ထားမှုကို မော်လမြိုင်မြို့နယ် တရားရုံးက ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်နွယ်နွယ်အောင်ကို အကြမ်းဖက်အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်သည့်အပြင် ငွေကြေး ထောက်ပံ့နေသည်ဟုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်း ဖြစ်သည်။

ဖမ်းဆီးပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် အမှုတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါ်နွယ်နွယ်အောင်ကို လက်ရှိတွင် ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

ဒေါ်နွယ်နွယ်‌အောင်သည် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သလို မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...