ဟားခါးမြို့နယ် သီနမ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လူနေအိမ် ၉ လုံး မီးရှို့ခဲ့ဟုဆို

ဟားခါးမြို့နယ် သီနမ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လူနေအိမ် ၉ လုံး မီးရှို့ခဲ့ဟုဆို

ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ဇိုခွာကျေးရွာအုပ်စုတွင် ပါဝင်သော သီနမ်ကျေးရွာတွင် စစ်ကောင်စီ စစ်တပ်မှ ယနေ့ မတ်လ ၂၈ ရက်နေ့၊ မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင် လူနေအိမ် ၉ လုံးကို မီးရှို့ကြောင်း ဒေသခံများထံက သိရသည်။

သီနမ်ကျေးရွာမှ အကြီးအကဲတစ်ယောက်က “စစ်ဘေးရှောင်ကြတဲ့ ရွာသားတစ်ချို့က တောင်ယာသွားရင်းနဲ့ ရွာထဲကနေ မီးခိုးငွေ့တွေ ထနေတာတွေ့ကြတယ်၊ သူတို့ လိုက်စုံစမ်းလိုက်တော့ ရွာထဲက လူနေအိမ် ၉ လုံးမီးလောင်ကျွမ်းတာကို သိရတယ်။ ဒါမယ့် အခုတော့ မီးတော့ ငြိမ်သွားပါပြီလို့တော့ သိရတယ်။” ဟု  သိရသည်။

ဇိုခွာကျေးရွာအုပ်စုတွင် ပါဝင်သော သီနမ်၊ ဇိုခွာ၊ ရွာဗန်း၊ ဖာရ်ရောန်၊ လမ်သုပ်နှင့် မာလ်ဆွမ် အစရှိသော ကျေးရွာများတွင် ဒေသကာကွယ်ရေးတပ်(CDF Hakha) နှင့် စစ်ကောင်စီစစ်တပ် တို့အကြား  တိုက်ပွဲများကြောင့် ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်ကြကြောင်း သိရသည်။

သီနမ်ကျေးရွာသည်လည်း  ရက်သတ္တပတ်လောက်အကြာ  တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ  နေအိမ်မီးရှို့ခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...