မွန်ပြည်နယ်အတွင်း ဆားကြမ်းတစ်ပိဿာ ၃၀၀ကျပ်ထိ ဈေးတက်

မွန်ပြည်နယ်အတွင်း ဆားကြမ်းတစ်ပိဿာ ၃၀၀ကျပ်ထိ ဈေးတက်

မွန်ပြည်နယ်အတွင်း ဆားကွင်းများ ပျက်စီးခဲ့သောကြောင့် ဆားကြမ်း တစ်ပိဿာ ငွေကျပ် ၃၀၀ ထိ ဈေးမြင့်တက်လာခဲ့ကြောင်း ဆားတောင်သူများထံက သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မုန့်တိုင်းကြောင့် မိုးရွာသွန်းမှုများ ရှိခဲ့ပြီး ဆားကွင်းများ ထပ်မံ ပျက်စီးခဲ့ရခြင်း ဖြစ်သည်။

ယခုနှစ်အတွင်း တတိယအကြိမ်မြောက် ဆားကွင်း ပျက်စီးခဲ့ရခြင်း ဖြစ်သောကြောင့် ပြည်နယ်အတွင်း ဆားဈေးနှုန်းများလည်း တက်လာကြောင်း သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ တစ်ဦးက ပြောသည်။

"ဆားဈေးက တက်လာတယ်။ ဆားတွေ ပျက်တော့ ဆားအထွက်နည်းလာတယ်။ အဲတော့ ဈေးကတော့ တက်မှာပဲ။ ၃၅၀ ထိ တောင် ရောင်းနေဝယ်နေတာတွေရှိတယ်"ဟု ၎င်းက ပြောသည်။

တစ်နှစ်အတွင်း မိုးရွာသွန်းမှုကြောင့် ဆားကွင်းများ သုံးကြိမ်တိုင်တိုင် ပျက်စီးခဲ့သောကြောင့် ဆားတောင်သူများလည်း ထိခိုက် ဆုံးရှုံးမှုကြီးကြောင်း ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်း တတိယအကြိမ်မြောက် ဆားဖျက်မိုးရွာပြီးနောက် ဆားကြမ်းတစ်ပိဿာ ၃၀၀ ကျပ် ပေါက်ဈေးရှိခဲ့ပြီး ဆားချော တစ်ပိဿာ ၂၅၀ကျပ်ထိ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။

ဆားတောင်သူ တစ်ဦးက "ဆားက အထွက်နည်းမယ်ဆိုတော့ ဈေးကတက်တယ်။ ပြီးတော့ လက်ကျန် ဆားတွေလည်း မရှိတော့ဘူး။ အဲတော့ ရတဲ့ဈေးနဲ့ အဝယ်လိုက်တာတွေရှိတယ်။ ဆားကွင်းပျက်တော့ ဈေးကောင်းရပေမယ့် တောင်သူတွေအတွက်ကတော့ အဆင်မပြေပါဘူး"ဟု ပြောသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ် ပင ကျေးရွာတွင် ဆားကွင်းဧကပေါင်း ၂၉၀၀ ခန့်ရှိပြီး မိုးမဖျက်ပါက ဆားပိဿာချိန် ၅၀၀‌ ကျော်ခန့် ပုံမှန် ထွက်လေ့ရှိကြောင်း သိရသည်။

ရေးမြို့နယ်နှင့် ပေါင်မြို့နယ်အတွင်း၌လည်း နေလှန်းဆားလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

August 5, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်တစ်ကြောတွင် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ နယ်စပ်...
Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...