ကန်ပက်လက်မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁ ဦးသေဆုံး၊ ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိဟု CDF-ကန်ပက်လက်အဖွဲ့မှသတင်းထုတ်ပြန်

ကန်ပက်လက်မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁ ဦးသေဆုံး၊ ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိဟု CDF-ကန်ပက်လက်အဖွဲ့မှသတင်းထုတ်ပြန်

မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်း၊ ကန်ပက်လက်မြို့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံး၊ ၁ ဦး အပြင်းအထန်ဒဏ်ရာ ရရှိကြောင်း CDF Kanpatlet အဖွဲ့၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ်၊ မတ်လ(၂၆)ရက်နေ့ နံနက် ၁၀း၃၀ ဝန်းကျင်ခန့်တွင် ကန်ပက်လက်မြို့တွင်းဝင်ရောက်နေရာယူထားသော CDF - Kanpetlet ရဲဘော်များနှင့် စစ်ကောင်စီစစ်တပ်အကြားထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပါကြောင်း၊အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား(၁)ဦး သေဆုံးပြီး (၁)ဦးအပြင်းအထန် ဒဏ်ရာရရှိခဲကြောင်းနှင့် မြို့မရဲစခန်းနှင့်အ.ထ.က ကျောင်းတွင်တပ်စွဲထားသောစစ်ကောင်စီတပ်များမှ လက်နက်ကြီး၊လက်နက်ငယ်ပစ်ကူများပေးခဲ့ပြီး မြို့တွင်းနေအိမ်အချို့နှင့် မြို့နီးနားရှိကျေးရွာများတွင်လက်နက်ကြီးကျရောက်မှူကြောင့်ပြည်သူနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ကြောင်း တိုက်ပွဲတွင် CDF-Kanpetlet ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း Chin Defense Force Kanpatlet page ၏တိုက်ပွဲသတင်း ထုတ်ပြန်ချက်အရ သိရသည်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...