ကန်ပက်လက်မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁ ဦးသေဆုံး၊ ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိဟု CDF-ကန်ပက်လက်အဖွဲ့မှသတင်းထုတ်ပြန်

ကန်ပက်လက်မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁ ဦးသေဆုံး၊ ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိဟု CDF-ကန်ပက်လက်အဖွဲ့မှသတင်းထုတ်ပြန်

မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်း၊ ကန်ပက်လက်မြို့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံး၊ ၁ ဦး အပြင်းအထန်ဒဏ်ရာ ရရှိကြောင်း CDF Kanpatlet အဖွဲ့၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ်၊ မတ်လ(၂၆)ရက်နေ့ နံနက် ၁၀း၃၀ ဝန်းကျင်ခန့်တွင် ကန်ပက်လက်မြို့တွင်းဝင်ရောက်နေရာယူထားသော CDF - Kanpetlet ရဲဘော်များနှင့် စစ်ကောင်စီစစ်တပ်အကြားထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပါကြောင်း၊အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား(၁)ဦး သေဆုံးပြီး (၁)ဦးအပြင်းအထန် ဒဏ်ရာရရှိခဲကြောင်းနှင့် မြို့မရဲစခန်းနှင့်အ.ထ.က ကျောင်းတွင်တပ်စွဲထားသောစစ်ကောင်စီတပ်များမှ လက်နက်ကြီး၊လက်နက်ငယ်ပစ်ကူများပေးခဲ့ပြီး မြို့တွင်းနေအိမ်အချို့နှင့် မြို့နီးနားရှိကျေးရွာများတွင်လက်နက်ကြီးကျရောက်မှူကြောင့်ပြည်သူနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ကြောင်း တိုက်ပွဲတွင် CDF-Kanpetlet ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း Chin Defense Force Kanpatlet page ၏တိုက်ပွဲသတင်း ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...