ကန်ကြီးထောင့်မြို့ အုပ်ချုပ်ရေးမှူးအိမ် ဗုံးကွဲ၊ ဒေသခံ ၅ ဦးကို စစ်ကောင်စီဖမ်း

ကန်ကြီးထောင့်မြို့ အုပ်ချုပ်ရေးမှူးအိမ် ဗုံးကွဲ၊ ဒေသခံ ၅ ဦးကို စစ်ကောင်စီဖမ်း

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏အိမ် ဗုံးပေါက် ကွဲ ပြီးနောက် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု သိရသည်။

မတ်လ ၂၅ ရက်နေ့ ည နှင့် မတ်လ၂၆ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဗုံးပေါက်ကွဲခဲ့သော မြင်းကဆိပ်ကျေးရွာရှိ အဝင်အထွက် လမ်းများနှင့် မြင်းကဆိပ်ကျေးရွာအနီး ရန်ကုန်-မြောင်းမြ ကားလမ်းကိုပိတ်ဆို့ စစ်ဆေးကာ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံက ပြောသည်။

မတ်လ ၂၅ ရက်နေ့၊ ည ၉ နာရီ ကျော်အချိန်ခန့်တွင် စစ်ကောင်စီခန့် မြင်းကဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်း ထွဋ် (ခေါ်) ဦးမင်းထွေးဆိုသူ၏ နေအိမ် ဗုံးဖြင့် ပစ်ပေါက်ခံရပြီးနောက် စစ်ဆေးဖမ်းဆီးမှုများ ရှိခဲ့ခြင်း ဖြစ်သည် ဟု ဒေသခံများက ဆိုသည်။

ဒေသခံတစ်ဦး က “အုပ်ကြီးအိမ်က ပေါက်ကွဲသံကြားရပြီး သိပ်မကြာဘူး စစ်သားတွေက သေနတ်ဖောက် ပြီး ရောက်လာတယ်။ ရွာနားက ချောင်းထဲ ဖားရှာ ငါးရှာသူ ၂ ဦးနဲ့ ကားလမ်းပေါ်က ဆိုင်ကယ်စီးလာသူ ၃ ဦးကို  ရိုက်ဖမ်းသွားတာ” ဟု ပြောသည်။

မြင်းကဆိပ်တံတားတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် မြင်းကဆိပ် နယ်မြေ ရဲကင်းစခန်း မှ တပ် ဖွဲ့ဝင်များက ပေါက်ကွဲမှုနှင့် မသက်ဆိုင်သည့် သူများကို ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံအချို့က ပြော သည်။

ဧရာဝတီ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ (I.L.D.F) က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီက ခိုင်းစေ သည့်အတိုင်း ဒေသခံများအား အမျိုးမျိုး ဒုက္ခပေး အနိုင်ကျင့်နေသဖြင့် ယင်းဖောက်ခွဲမှုကို လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဧရာဝတီ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ (I.L.D. F) ၏ တာဝန်ရှိသူက “ပြည်သူကို အနိင်ကျင့်တာ လက်မခံနိုင်ဘူး တော်လှန်ရေးကို အနှောက်အယှက်ပေးတာ မျိုးဆက်လုပ်နေရင် အပြတ်ရှင်းပစ်မယ်” ဟု ပြောသည်။

မြင်းကဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်း ထွဋ် (ခေါ်) ဦးမင်းထွေးဆိုသူစစ်တပ် နှင့် ရဲကို သတင်းပေးသဖြင့် အဖမ်းခံရသူများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် အုပ်ချုပ်ရေးမှူးသည် ကျေးရွာ၌ လောင်းကစားဝိုင်းများ လုပ်ခွင့်ပေးကာ ရဲစစ်တပ်ကို လိုင်းကြေးများ ကောက်ပေးကြောင်း၊ ဧည့်စာရင်းတိုင်ခ၊ မီးကင်းခများကိုလည်း အဆမတန် အတင်းအကြပ် ကောက်ခံနေသူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...