KNU ညောင်လေးပင်ခရိုင်အတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၇၀၀ ခန့်ထွက်ပြေးနေရ

KNU ညောင်လေးပင်ခရိုင်အတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၇၀၀ ခန့်ထွက်ပြေးနေရ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးမြို့နယ်နှင့် ဆော ထိမြို့ နယ် အတွင်းသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့သည့်အတွက် ဒေသခံ ၃၇၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရသည် ဟု KNU က သတင်းထုတ်ပြန်သည်။

မတ်လ ၁၉ ရက်နေ့က စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ်ရှိ ကွီးလားကျေးရွာနှင့် ဆောထိမြို့နယ်ရှိ တ ကက်ပူကျေးရွာအတွင်းသို့ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲခဲ့ရာ လူထိခိုက်သေဆုံးမှု မရှိသော်လည်း အဆောက် အဦ အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ပြည်သူ ၃၇၀၀ ခန့်က စစ်ဘေးရှောင်နေရသည်ဟု KNU ထုတ်ပြန် ချက်အရ သိရသည်။

KNU က “အာဏာသိမ်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်သောကြောင့် ကေအဲန်ယူ - ညောင်လေးပင်ခရိုင် မှ ကျေးရွာပေါင်း (၁၇) ရွာမှ ပြည်သူလူထုပေါင်း (၃၇၀၀) ခန့်တို့သည် ထိတ်လန့် ကြောက်ရွံ့ခဲ့ကြရ၍ ကျေးရွာကိုစွန့်ပြီး တောတောင်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။ ဤသို့သော အဖြစ်အပျက်များဖြစ်ပွားမှုကြောင့် ကျေးရွာသူကျေးရွာသား ပြည်သူလူထုများသည် စိုးရိမ် ကြောက်ရွံ့ မှုများနှင့် ရင်ဆိုင်ခဲ့ကြရပြီး စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ရာတွင်လည်း ဘဝလုံခြုံမှု များမရှိတော့ပေ” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ကွီးလားကျေးရွာထဲသို့ ဗုံး ၂ လုံးနှင့် ဆောထိမြို့ နယ်ထဲသို့ ဗုံး ၂ လုံး စုစုပေါင်း ဗုံး ၄ လုံးကို လေယာဉ်ဖြင့် လာရောက် ကြဲချခဲ့သည်ဟု ဆိုသည်။

ညောင်လေးပင်မြို့နယ်အတွင်းက ဒေသခံတစ်ယောက်ကလည်း “မနေ့ကရော လေယာဉ်က သွားလိုက် ပြန်လိုက် ပဲ။ ဒီနေ့လည်း သွားနေတယ်။ မြင်နေရတယ်။ မနေ့က လေယာဉ်နဲ့ ပစ်တယ်ဆိုတာတော့ ကြားတယ်။ သေချာ တော့ မသိဘူး။ ကျနော်နေတဲ့နေရာနဲ့တော့ နည်းနည်းဝေးတော့ အတိအကျတော့ မသိရဘူး။ လေယာဉ်တွေ တက်သွားတာလည်း တွေ့တယ်” ဟု ပြောသည်။

ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ဒေသခံများမှာ  ဘ၀လုံခြုံမှု မရှိသည့်အပြင်  COVID-19 ( အိုမီခရွန်) ရောဂါကို ကာကွယ်ရန် နှင့် ကုသရန်အတွက် များစွာ အခက်အခဲ ဖြစ်စေခဲ့သည်ဟု KNU က ပြောသည်။

ယခုလ မတ်လအတွင်း KNU တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းတွင်သာမက အခြား KNU ထိန်းချုပ်နယ်များထဲသို့လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ စစ်အင်အားတိုးချဲ့မှုများလည်း ဆက်တိုက်ခိုက်လုပ်ဆောင်နေသည်ဟု ဒေသခံများနှင့် KNU ၏ ထုတ်ပြန်ချက်များအရ သိရသည်။

စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဖေ ဖော်ဝါရီလ တစ်လတာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသား ကာ ကွယ်ရေးတပ် KNDO နှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်၊ နယ်ခြားစောင့်တပ် BGF တို့အကြား ထိတွေ့ ပစ် ခတ်တိုက်ခိုက်မှုပေါင်း (၄၂၁) ကြိမ်ဖြစ်ပွားခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲများအတွင်း  စစ်ကောင်စီတပ် နှင့် နယ်ခြားစောင့်တပ် BGF တို့ဘက်က ၃၁၁ ဦး သေဆုံးပြီး ၂၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ၏ ထုတ်ပြန်ထားသည့် စာရင်း များအရ သိရသည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...