ANP ပါတီတွင် လက်ရှိတာဝန်မထမ်းဆောင်နိုင်ဟု အကြောင်းပြန်သူ တစ်ဦးသာရှိ

ANP ပါတီတွင် လက်ရှိတာဝန်မထမ်းဆောင်နိုင်ဟု အကြောင်းပြန်သူ တစ်ဦးသာရှိ

ရခိုင်အမျိုးသားပါတီ(ANP)တွင် ပါတီနှင့်အဆက်အသွယ်ပြတ်တောက်နေသူ များပြားလွန်းနေသောကြောင့် အဆိုပါပုဂ္ဂိုလ်များအား ပါတီတာဝန်အား ဆက်လက်ထမ်းဆောင်နိုင်ခြင်း ရှိ/မရှိ သဘောထားမေးမြန်းရာတွင် ဗဟိုကော်မတီဝင်တစ်ဦးတည်းသာ မူလတာဝန်အားထမ်းဆောင်နိုင်ခြင်းမရှိဟု အကြောင်းပြန်ကြားလာသည်ဟု သိရသည်။

အခြားအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသည့် ပါတီဝင်များမှာ ပါတီနှင့်သက်ဆိုင်မှုမရှိတော့ဟု ANP က ထုတ်ဖော် ပြောကြားထားသည်။ သို့သော် စစ်ကောင်စီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်နေသည့် ဒေါ်အေးနုစိန်၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)တွင် နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးဦးလှစောတို့မှာ မည်သို့မျှ အကြောင်းပြန်ကြားခြင်းမရှိပေ။

ယခု ဗဟိုကော်မတီဝင်အဆင့်မှ နုတ်ထွက်သွားသူမှာ သံတွဲမြို့နယ်မှဖြစ်သည်။ ၄င်းမှာ ဗဟိုကော်မတီဝင်တာဝန်ကို ထမ်းဆောင်နိုင်ခြင်းမရှိတော့ဟု အကြောင်းပြန်သော်လည်း ပါတီဝင်အဖြစ် ဆက်ရှိနေဦးမည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

“ဗဟိုကော်မတီတာဝန်ကိုတော့ ထမ်းဆောင်နိုင်စွမ်းမရှိတော့ဘူးဆိုပြီး ဗဟိုကော်မတီဝင်ကနေအနားယူတာပါ”ဟု ၄င်းကပြောသည်။

လက်ရှိတွင် ပါတီနှင့်ကင်းကွာနေပြီး အဆက်အသွယ်ပြတ်တောက်နေသူ ၉ ဦးရှိကာ ၄င်းတို့အား ပါတီတွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း ရှိ၊မရှိနှင့်ပတ်သက်ပြီး မေးမြန်းရန်အတွက် ထပ်မံဆက်သွယ်လျက်ရှိသည်ဟု ၄င်းကဆိုသည်။

“တခြားအဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေဟာ ပါတီတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ခြင်းမရှိတာကြောင့် ပါတီနဲ့ပတ်သက်မှု တစ်စုံတစ်ရာမရှိလို့ ကျနော်တို့ဆုံးဖြတ်ထားပါတယ်”ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

အဆိုပါပြောဆိုချက်မှာ မည်သည့်ပုဂ္ဂိုလ်များကို ရည်ညွှန်းထားသည်ကို ၄င်းကအသေးစိတ်ထုတ်မပြောပေ။ ထို့ပြင် အဆက်အသွယ်ပြတ်တောက်နေသည့် ပါတီဝင် ၉ ဦး၏အမည်ကိုလည်း ထုတ်ပြောရန် ဦးခိုင်ပြည်စိုးကငြင်းဆိုသည်။

ရခိုင်အမျိုးသားပါတီသည် မတ်လ ၈ ရက်နေ့က ပါတီဝင်များထံသို့ ပါတီတာဝန်အား ဆက်လက်ထမ်းဆောင်နိုင်ခြင်းရှိ/မရှိကို သဘောထားမေးမြန်းခဲ့ခြင်းဖြစ်သည်။

 
 

 

 

(CINCDS) မတ်လ ၁၃ ရက်နေ့က တွေ့ရသည့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ
August 5, 2026
ရခိုင်ပြည်နှင့် နယ်စပ်ဒေသ မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများပြားနေသည့် စစ်တပ်သည် ရခိုင်ဒေသဘက်...
August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...