၂၁ မိုင် ဂိတ် တိုက်ပွဲ ရဲ တယောက်သေ၊ အရပ်သား ၄ ဦး ဒဏ်ရာရ

၂၁ မိုင် ဂိတ် တိုက်ပွဲ ရဲ တယောက်သေ၊ အရပ်သား ၄ ဦး ဒဏ်ရာရ

မြစ်ကြီးနား ၂၁ မိုင်ဂိတ် တိုက်ပွဲအတွင်း လေယာဉ်ဖြင့် ဗုံးကြဲပြီး နောက် ရဲ တစ်ဦး သေဆုံးပြီး အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြစ်ကြီးနား - မန္တလေးသွား ကားလမ်းမကြီးပေါ်က မရမ်းကျေးရွာအနီးရှိ ၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ် တိုက် ပွဲတွင် စစ်ကောင်စီဘက်က လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF ပူး ပေါင်းတပ်တို့ မတ်လ ၁၉ ရက်နေ့၊ နံနက် ၄ နာရီခန့်က အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က ဒု-တပ်ကြပ်တစ်ဦး သေဆုံးပြီး ဂိတ်အနီး ထမင်းဆိုင်က အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြော သည်။

ထိခိုက်ဒဏ်ရာ ရရှိသူများအား လိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “သေတဲ့သူက နယ်မြေရဲစခန်းက ဒုတပ်ကြပ်လို့ ပြောတယ် သေတာက။ ဒဏ်ရာရတဲ့သူတွေကတော့ အရမ်းကြီး မစိုးရိမ်ရဘူး” ဟု ပြောသည်။

ထမင်းဆိုင်က အမျိုးသမီးသည် ရင်ဘတ်တွင် ကျည်ထိမှန်ပြီး အမျိုးသား ၃ ဦးမှာ ပေါင်နှင့် တင်ပါးတွင် ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ယခုခါ မြစ်ကြီးနား ကုတင် ၃၀၀ တပ်မတော် စစ်ဆေးရုံသို့ ပို့ဆောင်ထားရသည် ဟု သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF ပူးပေါင်းအဖွဲ့ မတ်လ ၁၉ ရက်နေ့ နံနက်အစောပိုင်းတွင် စစ် ကောင်စီတပ်၏ ၂၁ မိုင်စုပေါင်း စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဂိတ်ရှိ အဆောက်အဦနှင့် စခန်း တဲများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုသိရသည်။

ထို့ကြောင့် ၂၁ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးက စစ်ကောင်စီလက်အောက်ခံ ဌာနအစုံက ဝန်ထမ်းများနား နေရာ အဆောက်အဦအချို့လည်း မီးလောင်ပျက်စီးခဲ့ပြီး ကုန်တင်ကားတစ်စီးလည်း လမ်းဘေးသို့ ကျကာ အိမ် စီးကားအချို့လည်း ကားမှန်များကွဲကြေသွားသည်ဟု အခင်းဖြစ်ပွားနေသည့်နေရာတွင် ရောက်ရှိနေသည့် ခရီး သွားတစ်ဦးက ပြောသည်။

၂၁ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်သည် စစ်ကောင်စီလက်အောက်ခံ မရမ်းအခြေဆိုက် ခလရ ၂၆၀ နှင့်  ကပ်လျက် တည်ရှိပြီး ယာဉ်ထိန်း၊ ရဲ၊ လဝက၊ ယာဉ်များကြီးကြပ်မှု ကော်မတီအဖွဲ့များ ပူးပေါင်းစစ်ဆေးရာ ဂိတ်တစ်ဂိတ် ဖြစ်သည်။

အဆိုပါဂိတ်အား စစ်တပ်က အာဏာသိမ်းပြီးနောက် ယခုအကြိမ်နှင့်ဆိုပါ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခံခဲ့ရ သည်။

ပထမအကြိမ်မှာ ပြီးခဲ့သည့် ၂၀၂၁ ဇွန်လ ၃၀ ရက်နေ့ ဖြစ်ပြီး ထိုတိုက်ခိုက်မှုကိုလည်း KIA က သွားရောက် တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...