မွန်ညီညွတ်ရေးပါတီ MUP ပထမအကြိမ် ဗဟိုညီလာခံကျင်းပပြီးစီး၊ ပြည်နယ်ဝန်ကြီးဟောင်း နိုင်မြင့်ဆွေ(ခေါ်) နိုင်လဝီအောင် ဥက္ကဌဖြစ်လာ

မွန်ညီညွတ်ရေးပါတီ MUP ပထမအကြိမ် ဗဟိုညီလာခံကျင်းပပြီးစီး၊ ပြည်နယ်ဝန်ကြီးဟောင်း နိုင်မြင့်ဆွေ(ခေါ်) နိုင်လဝီအောင် ဥက္ကဌဖြစ်လာ

၃ ရက်ကြာ ကျင်းပခဲ့သည့် မွန်ညီညွတ်ရေးပါတီ MUP ပထမအကြိမ်ညီလာခံတွင် ဥက္ကဌအဖြစ် မွန်ပြည်နယ်ဝန်ကြီးဟောင်း နိုင်မြင့်ဆွေ(ခေါ်) နိုင်လဝီအောင်၊ ဒုဥက္ကဌ(၁) နိုင်တလညီနှင့် ဒုဥက္ကဌ(၂) နိုင်ချမ်းတွဲ့တို့အား ဗဟိုအလုပ်အမှုဆောင်ဝင် ၂၇ ဦးတို့ကို ယနေ့ညနေပိုင်းတွင် ရွေးချယ်အတည်ပြုလိုက်သည်။

ထို့အတူ MUP ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် နိုင်စံတင်၊ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယီတမနှင့် တွဲဖက်အတွင်းရေးမှူး(၂) မိစန္ဒာနွန်တို့ ရွေးချယ်ခံခဲ့ရသည်။  

MUP ပထမအကြိမ်ညီလာခံက ဗဟိုကော်မတီဝင် ၈၁ ဦးနှင့် အရန် ၇ ဦးတို့ကို ရွေးချယ်အတည်ပြု၍ ညီလာခံကိုယ်စားလှယ်များရှေ့မှောက်တွင် ကတိသစ္စာအဓိဌာန်ခံယူခဲ့ခြင်း၊ ဗဟိုအလုပ်အမှုဆောင်ဝင် ၂၇ ဦးတို့ကို ဗဟိုကော်မတီများက ထပ်မံရွေးချယ်အတည်ပြုခြင်း၊  ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပါတီ၏ ဥက္ကဌနှင့် အတွင်းရေးမှူးအသီးသီးတို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

၃ ရက်ကြာကျင်းပခဲ့သည့် MUP ဗဟိုညီလာခံတွင် ပါတီတည်ဆောက်ရေးနှင့် ပါတီမူဝါဒရေးရာများ ပြန်လည်သုံးသပ်ခြင်း၊ ပါတီဗဟိုကော်မတီ၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဥက္ကဋ္ဌနှင့် အတွင်းအရေးမှူးအဖွဲ့အသစ်များကို ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ယခုအသစ်တဖန်ရွေးချယ်လိုက်သည့် ဥက္ကဌ နိုင်မြင့်ဆွေ(ခေါ်) နိုင်လဝီအောင်သည် မွန်ပြည်သစ်ပါတီတွင် စစ်ထောက်ချုပ် ဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ဒုဥက္ကဌ(၁) နိုင်တလညီနှင့် ဒုဥက္ကဌ(၂) နိုင်ချမ်းတွဲ့တို့သည် မွန်ပြည်သစ်ပါတီ NMSP ဗဟိုအလုပ်အမှုဆောင်ဟောင်းများဖြစ်ကြောင်း သိရသည်။

မွန်ညီညွတ်ရေးပါတီ (MUP) ၏ ပထမဆုံးအကြိမ် ပါတီဗဟိုညီလာခံကို မော်လမြိုင်မြို့ ရာမညဟိုတယ်၌ မတ်လ ၁၈ ရက်နေ့က စတင်ကျင်းပခဲ့ပြီး ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်ကြောင်း တွေ့ရှိရသည်။

-MUP ဥက္ကဌ နိုင်မြင့်ဆွေ(ခ) နိုင်လဝီအောင်

Most read this week

August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...
August 6, 2026
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့်...
August 5, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်တစ်ကြောတွင် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ နယ်စပ်...
Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...