စစ်ကောင်စီမှ ချင်းပြည်နယ်ရှိ ကျေးရွာများတွင် Covid 19 ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးစီစဉ်နေ

စစ်ကောင်စီမှ ချင်းပြည်နယ်ရှိ ကျေးရွာများတွင် Covid 19 ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးစီစဉ်နေ
ဟားခါးမြို့တွင်ကိုဗစ်ကာကွယ်ဆေးထိုးနှံစဉ်မြင်ကွင်း
ဟားခါးမြို့တွင်ကိုဗစ်ကာကွယ်ဆေးထိုးနှံစဉ်မြင်ကွင်း

ချင်းပြည်နယ်အတွင်းရှိ ကျေးရွာများတွင် Covid 19 ရောဂါ ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စစ်ကောင်စီလက်အောက်ရှိပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ဟားခါးမြို့မိမြို့ဖများနှင့်ကျင်းပခဲ့ကြကြောင်း ယနေ့ မတ်လ ၁၇ ရက်နေ့၊ ညနေပိုင်းတွင် မြန်မာ့ရုပ်မြင်သံကြားသတင်းဌာနမှ သတင်းထုတ်ပြန်ထားသည်။

ပြည်နယ်ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်မှ “လာမည့် ဧပြီရယ်လကုန်မှာ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးစေရေးကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျှက်ရှိရာ မိမိတို့ ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေ အပါအဝင် မည်သူတစ်ဦးတစ်ယောက်မှ မကျန်ဘဲ     အုပ်စုအားလုံးကို ရာနှုန်းပြည့် ကိုဗစ် ၁၉ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းများက ဆက်လက်ပူးပေါင်းဆောင်ရွက်ထားစေလိုပါတယ်” ဟု ပြောကြားသွားကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။

ဟားခါးမြို့နယ်မှ လူထုကျန်းမာရေး စောင့်ရှောက်မှု ဥက္ကဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင် လျန်ဟုပ်လိန်းနှင့် သိက္ခာတော်ရ ဆရာတော် ဒန်းနင်စ် ငွန်ထောင်းမန်းတို့မှလည်း ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများမှ ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့် ဟားခါးမြို့နယ်အတွင်းရှိ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်မည့် အစီမံများကို ဆွေးနွေးတင်ပြကြကြောင်း သိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...