နိုင်ငံရေးပါတီ ၁၄ ပါတီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စာတစ်စောင်ပေးပို့

နိုင်ငံရေးပါတီ ၁၄ ပါတီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စာတစ်စောင်ပေးပို့
 ပြည်ခိုင်ဖြိုး အပါအဝင် မိတ်ဖက်ပါတီ ၁၄ ပါတီ ပူးပေါင်းပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စာတစ်စောင် ပေးပို့လိုက်ကြောင်း ပြည်ခိုင်ဖြိုးပြန်ကြားရေးတာဝန်ခံ   ဒေါက်တာနန္ဒလှမြင့်က မဇ္စျိမကို ပြောသည်။

ယနေ့ ရန်ကုန်မြို့၊ သံလွင်လမ်း ပြည်ခိုင်ဖြိုးရုံးချုပ်တွင် ပြုလုပ်သည့် ၁၄ ပါတီအစည်းအဝေးမှ ပေးပို့လိုက်ခြင်းဖြစ်ပြီး ပေးပို့လိုက်သော စာတွင်ပါ၀င်သည့် အကြောင်းအရာကိုမူ အသိမပေးသေးပေ။

ယခု စာပေးပို့ခြင်းသည် ၁၄ ပါတီကို ကိုယ်စားပြုပြီး ပထမဆုံးအကြိမ်ပေးပို့ ခြင်းဖြစ်ပြီး ယနေ့ ဇူလိုင်လ ၁၈ ရက် တွင် ပြုလုပ်သော ၁၄ ပါတီအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာအရေးကိစ္စများ၊ စီးပွားရေးကျပ်တည်းမှု ပြသနာများ၊ ဘာသာရေးဆိုင်ရာ အရေးကိစ္စများအပါအဝင် လတ်တလောဖြစ်ပေါ်နေသော အရေးကြီးအကြောင်းအရာများ အားလုံးဆွေးနွေးခဲ့ကြသည်ဟု   ဒေါက်တာနန္ဒလှမြင့်က ပြောသည်။

အဆိုပါ ၁၄ ပါတီအစည်းအဝေးသို့  ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်သားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ၀ံသာနု ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီ၊ကရင်ပြည်နယ်၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီ၊ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ထိပ်ပိုင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...