မြန်မာ – တရုတ် နယ်စပ် ဝမ်တိန်ဂိတ်မှ မြန်မာပို့ကုန် ၇ မျိုး ယာယီပိတ်

မြန်မာ – တရုတ် နယ်စပ် ဝမ်တိန်ဂိတ်မှ မြန်မာပို့ကုန် ၇ မျိုး ယာယီပိတ်

သျှမ်းပြည် မြောက်ပိုင်း မြန်မာ – တရုတ် နယ်စပ် ဝမ်တိန် – မန့်မန်ဂိတ်ကတဆင့် ဆန်အပါအဝင် မြန်မာပို့ကုန် ၇ မျိုး တင်သွင်းခြင်းကို ယာယီရပ်ဆိုင်းကြောင်း တရုတ်နိုင်ငံ ရွှေလီမြို့ ကိုဗစ် – ၁၉ တားဆီးကာကွယ်ရေး Task Force အဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာပြည်ဘက်မှ တရုတ်ပြည်ဘက်သို့ တင်ပို့မည့် ဆန်၊ ဆန်ကွဲ၊ ငရုတ်စိမ်း၊ အအေးခန်းစနစ်နဲ့ သယ်ယူရမည့် ကုန်စည်၊ အေးခဲလတ်ဆတ်၊ အေးခဲကုန်စည် ၊ ရေထွက်ကုန်စည်၊ နေ့စဉ် သုံးကုန်ပစ္စည်းနှင့် ထုတ်ပိုးရလွယ်ကူသော စားသောက်ကုန်များကို တင်သွင်းခွင့် ယာယီရပ်ဆိုင်းကြောင်း ထည့်သွင်းဖော်ပြထားသည်။

ယင်းကဲ့သို့ ထုတ်ပြန်တားမြစ်ခြင်းနှင့် ပတ်သက်ပြီး ကားသမားများစွာ နောက်ကြောင်းပြန်လှည့်နေရကြောင်း တရုတ်ပြည်ဘက်သို့ ဆန်တင်ပို့ရန်အတွက် A Zone ကုန်သွယ်ရေးဂိတ်အတွင်း ရောက်ရှိနေသည့် ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီထုတ်ပြန်ချက် မထုတ်ခင်ကတည်းက ကျနော်တို့ရောက်နေတာ။ ကျနော်က ဆန်တွေတင်လာတယ်၊ ဟိုဘက်က လာကြိုမယ့်ကားကို စောင့်ရင်းနဲ့ ကျနော် ဒီ A Zone ထဲရောက်နေတာ ၆/၇ ရက်လောက်ရှိနေပြီ၊ အခု ဒီထုတ်ပြန်ချက်ထွက်လာတော့ ကျနော်တို့က နောက်ကြောင်းပြန်လှည့်ရတော့မယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံကို နယ်စပ်မှတစ်ဆင့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ သစ်သီးဝလံအပါအဝင် လယ်ယာ ထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်များ တင်ပို့နေပြီး တရုတ်ပြည်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံး၊ လျှပ်စစ်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်များကို တင်သွင်းနေကြောင်းလည်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...