မရမ်းချောင်းစစ်ဆေးရေးဂိတ်အနီး တိမ်းရှောင်နေရသည့် ဒေသခံတစ်ရာကျော် နေထိုင်စားသောက်ရေးအခက်ခဲရှိနေ

မရမ်းချောင်းစစ်ဆေးရေးဂိတ်အနီး တိမ်းရှောင်နေရသည့် ဒေသခံတစ်ရာကျော် နေထိုင်စားသောက်ရေးအခက်ခဲရှိနေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်းစစ်ဆေးရေးဂိတ်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် တိမ်းရှောင်နေရသော ဒေသခံ တစ်ရာကျော်မှာ နေထိုင်ရေးနှင့် စားသောက်ရေးတို့ အခက်အခဲရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့်မတ်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းက မရမ်းချောင်းစစ်ဆေးရေးဂိတ်အနီးတွင် မြန်မာစစ်တပ်နှင့် KNU တပ်မဟာ(၁) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲကြောင့် မရမ်းချောင်းကျေးရွာမှ ဒေသခံတစ်ရာကျော်မှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် နေထိုင်စရာနေရာနှင့် စားနပ်ရိက္ခာများအခက်အခဲရှိနေကြောင်း မရမ်းချောင်းကျေးရွာသားတစ်ဦးမှ DMG ကိုပြောသည်။

"မရမ်းချောင်းစစ်ဆေးဂိတ်အနီးမှာ တိုက်ပွဲဖြစ်ခဲ့တာကော၊ စစ်ကောင်စီတပ်တွေက လိုက်လံရှာဖွေနေတာရှိတဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ လက်ရှိအချိန်ထိ စားနပ်ရိက္ခာတွေနဲ့ နေထိုင်စရာတွေအတွက် အခက်အခဲတွေဖြစ်လာပါတယ်။ ရာသီဥတုပူလာတာလည်းပါတယ်"ဟု ၄င်းမှပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မရမ်းချောင်ကျေးရွာမှ ကျေးရွာသားအချို့ကို မြန်မာစစ်တပ်မှဝင်ရောက်ဖမ်းဆီးမှုများရှိခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။

နောက်ထပ် မရမ်းချောင်းကျေးရွာသားတစ်ဦးက "မနေ့ကကော ဒီနေ့မနက်အစောပိုင်းအထိ ရွာထဲကို စစ်တပ်တွေဝင်လာတာတွေရှိနေတယ်။ တချို့ဆို အခုအချိန်ထိ အိမ်ကိုမပြန်ရဲကြသေးဘူး။ တောထဲမှာပဲရှိနေသေးတယ်။ ရွာထဲကို စစ်တပ်ကဝင်လာတဲ့အချိန်မှာလည်း ရွာသားအချို့အဖမ်းခံရတာလည်းရှိနေပါတယ်။ အခုအထိလွှတ်ပေးတာတော့ မကြားသိရသေးပါဘူး"ဟု ပြောသည်။

ယင်းသို့ကျေးရွာသားများ ဖမ်းဆီးခံရသည်ဟုပြောဆိုချက်နှင့်ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေများကို လက်ရှိအချိန်ထိ မသိရှိရသေးပေ။

ပြီးခဲ့သည့်မတ်လ ၁၀ ရက်နေ့ကလည်း ရန်ကုန်-မော်လမြိုင် ကားလမ်းမအနီး ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ၌ KNU တပ်မဟာ(၁)ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး လမ်းမပေါ်သွားလာနေသည့် ခရီးသွားယာဉ်တချို့ထိခိုက်မှုရှိခဲ့သည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...