မိုင်းပန်မြို့ရဲစခန်းဝန်းအတွင်း လောင်းကစားပြုလုပ်

မိုင်းပန်မြို့ရဲစခန်းဝန်းအတွင်း လောင်းကစားပြုလုပ်

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့အတွင်း စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းဝန်းအတွင်း လောင်းကစားဖွင့်ပေးပြီး ရန်ပုံငွေရှာယူနေကြောင်း စုံစမ်းသိရှိရသည်။

မိုင်းပန်မြို့ ရဲစခန်းတွင်းရှိ မိုင်းစံစေတီပြုပြင်မွမ်းမံ ထီးတင်ပွဲ အကြောင်းပြပြီး မတ်လ ၁၅ ရက်နေ့မှ စပြီး ယနေ့ထိတိုင် လောင်းကစားဝိုင်း ဖွင့်လှစ်ထားကြောင်း မိုင်းပန်မြို့ မှ ဒေသခံများ ပြောပြချက်အရ သိရသည်။

“ ရဲစခန်းထဲမှာရှိတဲ့ စေတီကို ထီးတင်ပွဲ အကြောင်းပြပြီး လောင်းကစားဝိုင်းတွေဖွင့်နေတာ။ ရန်ပုံငွေရှာတယ်ဆိုပြီးတော့ ရဲတွေ ဦးဆောင်ပြီး ဖွင့်ပေးတာ။ သွားဆော့တဲ့သူတွေလည်း အများကြီးပဲ။ ရဲတွေလည်း အရပ်ဝတ်နဲ့ဝင်နေတယ်။ ယူနီဖောင်းနဲ့တော့ လာတာမတွေ့ဘူး” ဟု မိုင်းပန်မြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မိုင်းပန်မြို့တွင် လောင်းကစားကို ပထမဦးဆုံး ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ လောင်းကစားများကို ဖွင့်လှစ်ပေးပါက ခိုးယူလုယက်မှုများ၊ ဓားပြတိုက်မှုများ ရှိလာမှာကို ဒေသခံများက စိုးရိမ်နေကြသည်။

ထို့အပြင် လက်ရှိအချိန်မှာ မိုင်းပန်မြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ရှိနေသေးကြောင်း သိရသည်။

“ဒီလောင်းကစားပွဲက ထပ်ရှိလာမယ်ထင်တာပဲ။ နောက်ကျရင် ရှင်လောင်းပွဲရှိသေးတယ်။ အဲ့ပွဲကျရင် လောင်းကစားပွဲ ထပ်ရှိမယ်ထင်တယ်။ လောင်းကစားပွဲလုပ်ရင် လူတွေက ခိုးယူလုယက်တာတွေ၊ ဓားပြတိုက်တာတွေ ရှိလာမှာကို ကြောက်တာပေါ့။ သတင်းမှာကြည့်နေတာဆို လောင်းကစားက ကောင်းကျိုးပေးတာမှ မရှိတာ။ ပြီးတော့ ကျနော်တို့ မြို့မှာက ကိုဗစ် လူနာတွေကလည်း ရှိနေသေးတယ်” ဟု မိုင်းပန်မြို့ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ လောင်းကစားပွဲကို မတ်လ ၁၅ ရက်နေ့မှ စပြီး မတ်လ ၂၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသခံ များ ပြောပြချက်အရ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်အကြာ သျှမ်းပြည်အတွင်း လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ခိုးယူလုယက်မှုများ၊ ဓားပြတိုက်မှုများ ယခင်ထက် ပိုမိုများပြားလာပြီး ပြည်သူများအနေဖြင့်လည်း လုံခြုံမှု မရှိတော့ကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...