ပုဏ္ဏားကျွန်းစက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင် ရိက္ခာပြတ်လပ်နေ

ပုဏ္ဏားကျွန်းစက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင် ရိက္ခာပြတ်လပ်နေ

စစ်ဘေးရှောင်ဦးရေ ၆၀၀ ကျော်နေထိုင်သည့် ပုဏ္ဏားကျွန်းစက်မှုဇုန် စစ်ဘေးရှောင်စခန်းတွင် ရိက္ခာပြတ်လပ်နေသည်မှာ နှစ်လခန့်ရှိလာပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်များမှာ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အဆိုပါစခန်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)နှင့် လူ/ကယ်/ပြန်မှ ဆန်ရိက္ခာများထောက်ပံ့နေခြင်းဖြစ်ကာ လက်ရှိတွင် လူကယ်ပြန်မှဆန်ရိက္ခာအထောက်အပံ့မရရှိသည်မှာ နှစ်လခန့်ရှိပြီဖြစ်၍ စစ်ဘေးရှောင်များမှာ ဖြစ်သလို ချေးငှားစားသောက်နေရကြောင်း စခန်းတာဝန်ခံ ဦးသန်းဌေးက DMG သို့ပြောသည်။

“ကျနော်တို့စခန်းမှာ ရိက္ခာ ၂ လပိုင်းကနေမရတာ။ ဒီလမှာလည်း မရသေးဘူး။ လူကယ်ပြန်ကတော့ အစိုးရကရိက္ခာဖြည့်ထားတယ်လို့ပြောတယ်။ ၂ လပိုင်းနဲ့ ၃ လပိုင်းကို လုံးဝမပေးဘူးပြောတယ်။ ဒါကြောင့် အခက်အခဲရှိတာပေါ့။ အလုပ်အကိုင်လည်းမရှိဘူး။ အလုပ်ရှိရင် အလုပ်ကရတာနဲ့ စားသောက်လို့ရသေးတယ်။ စခန်းကလူတွေက စားရေးသောက်ရေးအရမ်းခက်ခဲနေကြတယ်။ မရှိတဲ့လူတွေမှာ မိသားစုဝင်တွေကချေးငှားပြီး စားသောက်နေရတယ်”ဟုပြောသည်။

ထိုစစ်ဘေးရှောင်စခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ် သာစည်၊ ကျောက်ဆိပ်၊ ဒိုးတန်း စသည့်ကျေးရွာသားများမှ ဒေသခံများလာရောက်ခိုလှုံနေကြပြီး လက်ရှိတွင် အိမ်ထောင်စု ၁၆၅ စု၊ လူဦးရေ ၆၄၄ ဦးနေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသည့် ဒေါ်အေးချေက “ရိက္ခာတွေပြတ်နေပြီ။ ဆန်လည်းမရ၊ တစ်ခုမှမရဘူး။ ထမင်းငတ်မလိုဖြစ်နေကြပြီ။ အလုပ်အကိုင်လည်းမရှိ ဆန်မရှိတော့ စခန်းကလူတွေ စိုးရိမ်နေကြတယ်။ ချေးငှားစားဖို့လူလည်း မရှိဘူး။ အခက်အခဲတွေအများကြီးပဲ”ဟု ဆိုသည်။

ထိုသို့ လူကယ်ပြန်မှဆန်ရိက္ခာအထာက်အပံ့မရရှိကြောင်း ပြောဆိုချက်နှင့်ပတ်သက်ပြီး ပြည်နယ်ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသူရိန်ထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

ရခိုင်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ရှစ်သောင်းကျော်ခန့် ကျန်ရှိနေသေးပြီး ရိက္ခာအထောက်အပံ့အားနည်းလာခြင်းနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် စစ်ဘေးရှောင်များမှယ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။

(CINCDS) မတ်လ ၁၃ ရက်နေ့က တွေ့ရသည့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ
August 5, 2026
ရခိုင်ပြည်နှင့် နယ်စပ်ဒေသ မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများပြားနေသည့် စစ်တပ်သည် ရခိုင်ဒေသဘက်...
August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...