CDF-ကန်ပက်လက် တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရကြောင်း ကြေငြာချက်ထုတ်ပြန်

CDF-ကန်ပက်လက် တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရကြောင်း ကြေငြာချက်ထုတ်ပြန်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် ၁၀ ရက်ကြာတိုက်ပွဲဖြစ်ပွါးပြီးနောက် CDF -ကန်ပက်လက်အဖွဲ့မှ ၄င်းတို့၏တပ်ဌာနာချုပ်နေရာကို စွန့်ခွါlလိုက်ရကြောင်း မတ်လ ၁၆ ရက်နေ့တွင် ကြေညာလိုက်သည်။

ကန်ပက်လက်မြို့နယ်အခြေပြု CDF-Kanpetlet အဖွဲ့နှင့်စစ်ကောင်စီတပ်တို့အကြား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှယခုအချိန်ထိတိုက်ပွဲပြင်းထန်လျက်ရှိရာ၊၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင်ကန်ပလက်မြို့မှ အင်အား ၂၀၀ ခန့်ဖြင့် CDF-Kanpetlet တပ်မဟာဌာနချုပ်ရှိရာဖက်သို့ဦးတည်ကာစစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်နှင့် CDF-Kanpetlet တို့အကြားရဲလောင်းပန်းရွာအထက်နား ပန်းတောင်ကျော တွင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ပြီးCDF-Kanpetlet ရဲဘော်များအထိအခိုက်မရှိခဲ့ပါ။

ထို့နောက် ၁၃ ရက်နေ့တွင် ငုံလောင်းရွာမြောက်ဖက် အမ်ပုံရွာ အထက်ပိုင်းတွင်တပ်ဖျောက်ထားသောစစ်ကောင်စီတပ်ဖွဲ့အား CDF - Kanpetlet ၊CDF Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Forceနှင့်Saw- PDF တို့မှတောနင်းရှာဖွေရာမှထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ ၂ဦး သေဆုံးခဲ့ပြီး CDF-Kanpetlet ဘက်မှရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

မတ်လ ၁၄ ရက်တွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အထိအခိုက်အကျအဆုံးမသိရပါ။

၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်CDF-Kanpetlet ၊ CDF-Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force နှင့် Saw - PDF ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်တို့အကြား နံနက် ၈းဝဝ နာရီမှ ညနေ ၃းဝဝနာရီ အထိ စမ္မသားရွာဟောင်း အတွင်းတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မိမိတို့ CDF-Kanpetlet ဖက်မှ ရဲဘော်တစ်ဦး မိမိသစ္စာပြုသောအမျိုးသားတော်လှန်ရေးအတွက် အသက်ပေးဆပ်ခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။စစ်ကောင်စီဖက်မှ အထိအခိုက်အကျအဆုံးကိုအတိအကျမသိရပေ။အဆိုပါတိုက်ပွဲအတွင်း မင်းတပ်မြို့တွင်အထိုင်ချသော ခလရ ၂၇၄ တပ်ရင်း နှင့် ကျောက်ထု အမြောက်တပ်တို့ဖက်မှလက်နက်ကြီးပစ်ကူပေးခဲ့ပြီး စမ္မသားရွာဟောင်းရှိ လူနေအိမ် ၉ လုံး လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့သည်။

မိမိတို့ CDF-Kanpetlet ဖက်မှ ကျည်မလုံလောက်ခြင်း၊ လက်နက်အင်အားမမျှခြင်း၊ ကျေးရွာအတွင်းရှိပြည်သူများ ထိခိုက်ဒဏ်ရာရမည့်အရေးကိုရှေ့ရှုခြင်းနှင့် သာလွန်အင်အားဖြင့်ထိုးစစ်ဆင်ခံရသည့် အခြေနေများကြောင့် CDF-Kanpetlet တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရသည်ဟု CDF-ကန်ပက်လက်အဖွဲ့သတင်းထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်တွင်း၊ပြည်ပ ရှိမိဘပြည်သူများနှင့်တော်လှန်ရေးထောက်ပို့ တပ်များအနေဖြင့် လက်နက်အင်အား၊ ကျည်အင်အား ဖြည့်တင်းနိုင်ရေး အထူးအာရုံစိုက် ကူညီထောက်ပံ့ပေးကြရန် အကူညီတောင်းခံ သတင်းထုတ်ပြန်အပ်ပါသည်။”ဟု CDF ကန်ပက်လက်အဖွဲ့မှ မတ်လ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...