ငွေတုလုပ်ငန်း သတင်းကြောင့် သျှမ်းပြည်လူထု စိုးရိမ်မှုမြင့်တက်

ငွေတုလုပ်ငန်း သတင်းကြောင့် သျှမ်းပြည်လူထု စိုးရိမ်မှုမြင့်တက်

ငွေတုလုပ်ငန်း ရောင်းဝယ်ဖောက်ကားသည့် သတင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေမှုကြောင့် သျှမ်းပြည်လူထုများ စိုးရိမ်မှုများစွာရှိနေကြောင်း စုံစမ်းသိရသည်။

ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ ငွေတုများသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အတွင်း ပျံ့နှံ့နေသည်ဟု သတင်းထွက်ပေါ်နေသဖြင့် ပြည်သူများက ငွေတုမိမှာကို စိုးရိမ်နေကြောင်း လားရှိုးမြို့နေ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမကိုယ်တိုင်တော့ မကြုံရသေးဘူး၊ ဒါပေမဲ့ လိုင်းပေါ်ကနေ လားရှိုးမြို့ထဲမှာ ငွေတုတွေ ပျံ့နှံ့နေပြီလို့ ပြောကြ တယ်၊ ပိုက်ဆံလက်ဝယ်မထားရဲတော့ဘူး၊ ထားမယ်ဆိုရင် ငွေတုဖြစ်မှာစိုးရိမ်တယ်၊ ဘာဖြစ်လို့လဲဆိုရင် ရှိထားတဲ့ငွေက ငွေစစ်လား/ငွေတုလားဆိုတာ သေချာမစစ်နိုင်လို့လေ” ဟု လားရှိုးမြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိ အာဏာသိမ်းကာလ တနှစ်ကျော်ရှိလာချိန်တွင် ငွေအတုများသည် “မြန်မာငွေအတုရောင်းဝယ်ရေး” ၊ “MONEY. TALKS ငွေအတုရောင်းဝယ်ရေး“ စသဖြင့် အမည်ရှိသည့် လူမှုကွန်ယက်စာမျက်နှာ Page တို့ဖြင့် ပေါ်ပေါ်ထင်ထင် ရောင်းဝယ်လှဲလှယ်နေပြီး တချို့သောမြို့နယ်များကို ကားဂိတ်မှတဆင့် ပို့ဆောင်ပေးနေကြောင်း ရေးသားဖော်ပြထားသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...