မွန်ပြည်နယ်တွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲ စာရင်းသွင်းသူ ၃ ပုံ ၁ ပုံ သာရှိ

မွန်ပြည်နယ်တွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲ စာရင်းသွင်းသူ ၃ ပုံ ၁ ပုံ သာရှိ

မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်း သူ  ၁၁၀၀၀ ကျော်သာရှိပြီး ယခင်နှစ်များထက် ၆၀ ရာနှုန်းကျော် လျော့နည်းသွားသည်ဟု ပြည်နယ်ပညာရေးဌာနထံမှ သိရသည်။

ယခင်ပညာသင်နှစ်များတွင် မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ အရေအတွက် ၃၀၀၀၀ ကျော်ရှိခဲ့ရာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်မည့် စာမေးပွဲတွင် ဖြေဆိုရန် စာရင်း ပေးထားသူ ၁၁၀၀၀ ကျော်သာ ရှိသည်ဟု သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ၁၁၀၀၀ ကျော် တွင် ကျောင်းတွင်း ဖြေဆိုသူ ၉၂၀၀ ကျော်နှင့် အပြင်ဖြေဆိုသူ ၂၇၀၀ ကျော်ရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းပြန်လည်ဖွင့်လှစ်ခဲ့သည့် ယခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်း စာမေပွဲ ဖြေဆိုမည့်သူ သုံးပုံနှစ်ပုံအထိ ‌လျော့ကျသွားခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း စစ်တပ်လက်အောက်ခံ ပညာ‌ရေး စနစ်ကို လက်မခံသည့် ကျောင်းသားမိဘများက ၎င်းတို့ သားသမီးများကို ကျောင်းဆက်မထားပဲ ပြင်ပတွင်သာ အခြားသော ပညာရပ်များကို ဆက်လက်ပညာသင်ကြားစေခဲ့သည်။

“ကျောင်းမှာ ဆရာ ဆရာမတွေလည်း လုံလောက်မှုမရှိဘူး။ စာသင်ချိန်ကလည်း လုံလောက်မှုမရှိဘူး။ ပြီးတော့ မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ ခလေးတွေအတွက် လုံခြုံရေး စိုးရိမ်လို့ ကျောင်းမတက်ခိုင်းတာ  စာမေးပွဲ လည်း မဖြေခိုင်းဘူး အောင်ရင်လည်း မထူးဘူးလေ” ဟု ၁၀ တန်းကျောင်းသား မိဘတစ်ဦးက ပြောသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကို မတ်လ ၃၁ ရက်နေ့ မှ ဧပြီလ ၉ ရက်နေ့ အထိ ကျင်းပ သွားရန် ပညာရေးဌာနက ထုတ်ပြန်ထားသည်။

မွန်ပြည်တွင် ယခုနှစ် ပညာသင်နှစ်အတွက် ခရိုင်နှစ်ခုအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့တွင် စာစစ်ဌာန ၄၆ ခု ရှိ သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် တွင် တက္ကသိုလ်ဝင်တန်းစာမေပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...